Saturday, September 22, 2007

ပုခက်လွှဲသော လက်သို့ပေးစာ

ပုခက်လွှဲသော လက်သည် ကမ္ဘာကို ကိုင်စိုး နိုင်သည် ဟူသော စကား မှန်ကန် အရေးကြီး လှသည်ကို လက်တွေ့ သိမြင် လက်ခံ မိသည့် အတွက် နောင်တခေတ် ဧ။် ခေါင်းဆောင်လောင်း များကို မွေးထုတ်ရန် မျှော်လင့်ခြင်း ခံရသော မိခင်လောင်း အမျိုးသမီးများ (တနည်း ဆိုသော်) အမျိုးသမီး ထုကြီး တစ်ရပ် လုံးကို အနာဂတ် နိုင်ငံတော်ဧ။် တာဝန်များကို ခွဲဝေ ထမ်းရွက် ပေးပါရန် မိခင်ချင်း၊ နှမချင်း စာနာစွာဖြင့် ဆွေးနွေး တိုက်တွန်း လိုသောကြောင့် သည် ပေးစာကို ရေးသားရခြင်း ဖြစ်ပါတယ်။
ဆယ်ကျော်သက်ရွယ် ညီမငယ်သို့

မိန်းကလေးများ ခေတ်နဲ့အညီ လှချင် သည်မှာ အပြစ် မဟုတ်ပါ။ ဖြစ်သင့် ပါသည်။အဘွားတို့ ခေတ်က ၀တ်ပုံကို သည်နေ့ ၀တ်လျှင် အလုပ် ဖြစ်မည် မဟုတ်။ သို့သော် သည်နေရာတွင် ခေတ်နှင့် အညီ ဟူသော ရှုထောင့်ကို ဆွေးနွေး ချင်ပါသည်။ မည်သည့် ခေတ်နှင့် ညီချင် ပါသနည်း၊ မည်သူ့ ခေတ်နှင့် ညီချင်ပါ သနည်း။ ၀တ်စား ဆင်ယင် ရေးတွင် အနောက်တိုင်း ၀တ်စုံကို ပုံတူ ကူးသည် ဖြစ်စေ၊ အရှေ့တိုင်း ၀တ်စုံကို ပုံတူ ကူးသည် ဖြစ်စေ၊ မည်သည့် ပုံကို ပုံတူ ကူးမိသည် ကိုတော့ သတိထား စေချင်ပါသည်။ အနောက်တိုင်း ဖြစ်စေ၊ အရှေ့တိုင်း ဖြစ်စေ ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော် များမှာ သူများနှင့် မတူအောင် ၀တ်မှ လူကြားထဲ ပေါ်လွင် ထင်ရှား မည်မို့ သူတို့ အသက်မွေး ၀မ်းကြောင်းမှု နှင့်အညီ သူများနှင့် မတူအောင် (တနည်း ပြောရရင် ကြောင်စီစီ ဖြစ်အောင်) တမင် ၀တ်ကြရ သဖြင့် သူတို့ ၀တ်သလို သူ့နိုင်ငံသား များက လိုက်ဝတ်ကြ သည်မဟုတ်။ သို့သော် တချို့ မြန်မာမ ကလေးများဧ။် စိတ်ပျက်စရာ အကောင်းဆုံး အကျင့်မှာ ထိုအဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင် များကို အတုခိုးပြီး သူ့နိုင်ငံသား များကပင် လိုက်မ၀တ်သော ထိုအ၀တ် များကို ကိုယ့်ရုပ်နှင့် လိုက်ဖက်မှု ရှိရှိ မရှိရှိ လိုက်ဝတ်ခြင်း ပါတည်း။ ပိုဆိုးသည်မှာ မည်သည့် အဆင့်အတန်းမှ မိန်းကလေး များက မည်သို့သော အ၀တ်အစားများ ၀တ်ကြရ သည်ကို မလေ့လာ မစူးစမ်းဘဲ ရမ်းအတု ခိုးခြင်း ပါတည်း။

သည်လို ရေးမိခြင်းမှာ မြင်ကွင်း တစ်ခုကြောင့် မိခင်ချင်း၊ နှမချင်း အလွန် စာနာ သောကြောင့် အမုန်းခံ ရေးရခြင်း ဖြစ်ပါသည်။ တခါက ရန်ကုန် လေဆိပ်တွင် မြန်မာမလေး တစ်ယောက် မိဘများ နှင့်အတူ တစုံတယောက်ကို လေဆိပ် လိုက်ပို့ရာ သူမ ၀တ်ထားသော ၀တ်စုံမှာ ထိုင်းနိုင်ငံ၊ စင်္ကာပူ နိုင်ငံလို နိုင်ငံမျိုး တွင်ပင် သာမန် မိန်းကလေး မ၀တ်ဘဲ ညဥ့်ငှက်မယ် များသာ အလုပ်ဆင်း ရာတွင် ရှိုးပြ ၀တ်သော ၀တ်စုံ ဖြစ်လေရာ မိကောင်းဘခင် သမီးဖြစ်သူ သူမအတွက် အလွန် ရင်နာမိပါသည်။ မိန်းမ လိုက်စားသော နိုင်ငံခြားသား တစ်ဦးသာ သူ့ကိုမြင်ပါမူ ... မင်းတို့ တိုင်းပြည်က မိန်းကလေး တွေများ လေဆိပ်မှာ မိစုံဘစုံနဲ့ လာစောင့်ပြီး အလုပ် ဆင်းသလား ဟုမေးလာပါမူ.. ဆက်မတွေး ချင်တော့ပါ။ နိုင်ငံခြားပြန် လက်ဆောင် ဆိုတိုင်း အထင်ကြီးပြီး မ၀တ်လိုက် ကြပါနှင့်၊ တဖက်သား လူမျိုးခြား စိတ်တွင် ဘယ်လို ဖြစ်လာ နိုင်သည် ဆိုတာ လေးများ စဉ်းစားပြီးမှ လှလှပပလေး၊ အဆင့်အတန်း ရှိရှိလေး ၀တ်စား ဆင်ယင် ကြပါလို့ အကိုလို၊ မောင်လို တောင်းဆို ပါရစေ။ နိုင်ငံခြားသားက ပေးသော အ၀တ်အစား လက်ဆောင် ဆိုလျှင် ကြည့်လိုက် သည်နှင့် မိမိ၏စရိုက်၊ ၀တ်ပုံစားပုံ၊ မိမိ၏ အဆင့်အတန်းကို လေးစား ရောင်ပြန်ဟပ်ပြီး အလေးအမြတ် သဘောထားပြီး ပေးသလား၊ သူကြည့် ချင်သည့် ၀တ်စား ဆင်ယင် ပုံမျိုးဖြင့် ကိုယ့်ကို မြင်ချင်လို့ ပေးသလား ဆိုတာ ကိုလည်း စဉ်းစား သင့်ပါသည်။ အထူးသဖြင့် မြန်မာပြည်မှ နိုင်ငံခြားသို့ ထွက်ခွာမည့် အချို့ မြန်မာမ များ၏ ၀တ်စား ဆင်ယင်ပုံမှာ နိုင်ငံခြားသို့ ရောက်ရောက်ချင်း လေဆိပ်မှ အထွက် နန့်ကလပ်ဟု ဗန်းစကားဖြင့် ခေါ်သော ညငါ့အ ခူကဘ သို့ ချက်ချင်း အ၀တ် မလဲဘဲ တိုက်ရိုက် သွားတော့မည့် ပုံပေါက် နေလေရာ မိမိရဲ့ ၀တ်စား ဆင်ယင်မှု ကြောင့် ]မြန်မာမတွေ] ဟူသော ခေါင်းစဉ် အောက်မှာ လူမျိုးနဲ့ နိုင်ငံပါ အရှက်ရ စေမယ့် ၀တ်စား ဆင်ယင်မှု မျိုးကို ရှောင်ခြင်းဖြင့် တဖက်တလမ်းက တိုင်းပြည် ဂုဏ်ဆောင် ပေးကြဖို့ တောင်းဆိုပါတယ်။

အ၀တ်အစား သာမဟုတ်၊ အနေအထိုင် အပြောအဆို အမူအရာ များပါ သူတပါးကို အလွန် အတုခိုး တတ်ချေရာ မိမိ အတုခိုး မိသူမှာ မည်သို့သော လူစားမျိုး ဖြစ်သည်၊ မည်သည် အတွက်ကြောင့် မိမိက သူ့ကို အတုခိုး ထိုက်သည် ဆိုသည်ကို များလည်း စဉ်းစား ပေးကြဖို့ အချို့ မိန်းကလေး များကို တောင်းပန်လိုပါ သည်။ မိမိ အတုခိုး မိသူမှာကစနမျအမေ လား ဏသမညှအမေ လား၊ မိမိ၏ မည်သည့် အမူအရာ၊ အနေအထိုင် အပြောအဆို ပုံစံကရော မည်သူနှင့် တူပြီး မည်သည့် သဘော သက်ရောက်ကာ မိမိ၏ ဆွေမျိုးသားချင်း၊ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေ နေပါသနည်း ဆိုတာလေးကို သတိထား ပေးကြဖို့ တောင်းပန် ပါရစေ။ ကျွန်တော့တွင် နိုင်ငံပေါင်း (၃၀) ကျော်မှ စရိုက် ပေါင်းစုံသော ယောက်ျားလေး သူငယ်ချင်းများ ရှိပါသည်။ သူတို့ အားလုံးက အ၀တ်အစား လျှပ်ပေါ် လော်လီသော (သို့မဟုတ်) မလုံတလုံ၊ မပေါ်တပေါ် ၀တ်တတ်သော မိန်းကလေး များကို လေးစား အထင်ကြီးမှု မရှိခြင်း ဟူသော အချက်တွင်ကား တူညီကြ လေသည်။ သို့ဖြစ်လျှင် ဘာကြောင့် ထိုသို့ဝတ်သော မိန်းကလေးကို နောက်မှ လိုက်ကြည့် တတ်ကြ သနည်းဆိုသော် ညငါ့အ ခူကဘ ကို ငွေကုန်ခံ သွားစရာ မလှိုနထပ ၤေ့်ငသည ွ့သတ ကို ငွေပေး ကြည့်စရာ မလိုဘဲ စိတ်အာသာ ပြေရန် အလကား ကြည့်ရ သောကြောင့်ဟု ဆိုပါသတည်း အမိတို့။ အမေတန်း ထိုက်သော အမျိုးသမီးများ သတိထား တော်မူကြပါ။

ထို့အပြင် မြင့်မြတ်သော စိတ်ရှိသူ ယောက်ျား များလည်း လောကမှာ ရှိသလို အလကား ရရင်လည်း ၀င်စားလိုက် တာပေါ့ ဆိုသော အလတ်တန်းစား ယောက်ျား များနှင့် ရသာလျှင် ဘနဖူး သိုက်တူးမည့် အောက်တန်းစား ယောက်ျား များလည်း လောကတွင် ရှိတတ် ပါသည်။ မိန်းကလေးများ ကွယ်ရာတွင် ယောက်ျား လေးများ အချင်းချင်း ၀ိုင်းဖွဲ့ စကား ပြောရာတွင် ထိုသို့ ၀တ်စားတတ်သူ မိန်းကလေးမှာ မည်သို့ အတင်းပြော ခံရသည်ကို နည်းနည်းလောက် ဖောက်သည် ချပါရစေ။ မြင့်မြတ်သော စိတ်ထား ရှိသည့် ယောက်ျားများက အမြင် မတော်သော စိတ်ထားဖြင့် "သည်လို ၀တ်ရင် လူမဆွဲပဲ ခွေးဆွဲမယ်" "ဘယ်နိုင်ငံ ရောက်နေတယ် ထင်သလဲ၊ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို လေးစားပါ" "နိုင်ငံခြားကို အထင်ကြီးရင် သူ့နိုင်ငံ သည်လို ဖြစ်အောင် ကြိုးစား လာတဲ့ သူရဲ့ ကြိုးစားမှု တွေကို အတုခိုး" စသည်ဖြင့် ထောက်ပြ ဝေဖန် ပြောဆို တတ်ပါသည်။ အလယ်လတ် တန်းစား ယောက်ျား များမှာမူ "ကိုယ်လည်း ပုထုဇဉ်ပဲ။ စိတ်ယိုင် တတ်တယ်" "ကြည့်သူ ပြောသူကို အပြစ် မပြောနဲ့၊ ကိုယ့်ကိုယ်ကို အကြည့် အပြော မခံရ အောင်ဝတ်" စသည်ဖြင့် ပြောတတ်ပါသည်။ အောက်တန်းစား ယောက်ျားများ မှာမူ ပါးစပ်နှင့် မပြော၊ လက်တွေ့ လုပ်လေသည်။ မိန်းကလေး များမှာ ပင်ကိုယ် သဘာဝ အရ ရုပ်အား ဖြင့်ရော၊ စိတ်အား ဖြင့်ပါ ယောက်ျားလေး များထက် အားနည်း ရသည့် အထဲ မိမိ၏ ၀တ်စား ဆင်ယင်ပုံ မတတ် သောကြောင့် မိမိ အလို မတူဘဲ စော်ကား ခံရလျှင်၊ လိင်ပိုင်း ဆိုင်ရာ တွင်ပါ စကားလုံး အားဖြင့် ဖြစ်စေ၊ ကိုယ်ထိ လက်ရောက် ဖြစ်စေ၊ ကျူးလွန် စော်ကား ခံရပါမူ နစ်နာ လှပေသည်။ ထို့ထက်ပိုပြီး "သည်လို စော်ကား ရတာ သူ့ဝတ်ပုံ နေပုံက ဖိတ်ခေါ်သလို ဖြစ်နေ လို့ပါ" ဟုအပြော ခံရပါမူ ပိုမို နစ်နာပေမည်။ အလွန်အကျူး ဆိုရသော် "သည်လို မိန်းမမျိုး ကျုပ်က စော်ကား ပါ့မလားဗျာ။ ကျုပ်ဖြင့် မသတီ ပါဘူး" ဟု လူယုတ်မာ ယောက်ျားက ဗြောင်လိမ်ပါမူ မည်သို့ ရှေ့ဆက် မည်နည်း။ ထိုယောက်ျားမျိုး မရှိဟု မထင်ပါနှင့်။ မိန်းမသား လူထုကြီး တစ်ရပ်လုံးကို မိခင်ချင်း၊ နှမချင်း စာနာလွန်း သောကြောင့် အပြော မခံရ စေလို သောကြောင့် သည်လို ရေးသား တိုက်တွန်း နေရခြင်း ဖြစ်ပါသည်။
မိန်းကလေးပီပီ လှချင်၊ ပချင် ပေါ်လွင် ထင်ရှားချင် တာကို အပြစ် မပြောချင်ပါ။ သို့သော် မွေးရာပါ တာဝန်ကို မသိတတ် ရလောက်အောင် အလှဧ။် ပေါ်လွင် ထင်ရှားမှု နောက် ကောက်ကောက် ပါအောင် လိုက်ရင်း ယင်းတို့ကိုသာ အချင်းချင်း ပြိုင်ဆိုင် ကြွားဝါ ယစ်မူး နေပါက မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကို မေးစေ လိုပါသည်။

၁. အရေပြားပေါ်က ထိုအလှ ဘယ်နှစ်နှစ်ခံ ပါမည်နည်း။
၂. အရေပြားပေါ်က ထိုအလှသည် ဘယ်နှစ်နှစ်စာ သေသေချာချာ အသုံးကျ မည်နည်း။
၃. ထိုကဲ့သို့သော အလှနှင့် ထင်ပေါ် ကျော်ကြားမှု အတွက် ပေးဆပ် ရင်းနှီး ရသည်နှင့် ထိုက်တန်စွာ ရရှိ လာမည်ဟု မိမိ မျှော်မှန်း ထားသည့် အရာကို ပိုင်ဆိုင်ဖို့ ဘယ်လောက် သေချာ သနည်း။

နောက်တစ်ခု ဆိုးသည်မှာ အလှစစ်နှင့် သူဧ။် တန်ဖိုးကို မသိခြင်း ဖြစ်ပေသည်။ လောကတွင် အရေးကြီးသော အလှစစ်ကို ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအချို့တွင် သင်ကြား ပေးနေ လေရာ ယနေ့တိုင် ခေတ်မီဆဲသော အတွေးအခေါ်ဟု လက်ခံမိ ပါသည်။ ယင်းမှာ...
စိတ်ကောင်းရှိဖို့က...ပထမ၊
စည်းကမ်း ရှိဖို့က...ဒုတိယ၊
ကျန်းမာဖို့က...တတိယ၊
အစားအသောက်တတ်ဖို့က...စတုတ္ထ၊
အ၀တ်အစား တတ်ဖို့က ...ပဉ္စမ၊
အနေအထိုင်တတ်ဖို့က...ဆဌမ၊
အသွားအလာတတ်ဖို့က...သတ္တမ၊
အပြောအဆို တတ်ဖို့က...အဋ္ဌမ၊
အပေါင်းအသင်းတတ်ဖို့က...န၀မ၊
စာတတ်ဖို့က ဒဿမဟူသတည်း။
အ၀တ်အစား တတ်ဖို့သည် စာတတ် ဖို့ထက် အရေးကြီးသည် ဆိုသည့် ရှေးစကား မှာ မှန်ကန် လှပေသည်။ လှတိုင်းသော အ၀တ်အစား သည်လည်းကောင်း၊ ဈေးကြီး တိုင်းသော အ၀တ်အစားသည် လည်းကောင်း အဆင့်အတန်း မြင့်သော အ၀တ်အစား မဟုတ်ပါ။ ကိုယ်စာ တတ်မတတ် သူတပါး ချက်ချင်းမသိ၊ သို့သော် ကိုယ့်အဆင့်အတန်း ကိုတော့ ကိုယ့်အ၀တ်အစား မှတဆင့် သူတပါးက ချက်ချင်း ဆုံးဖြတ် တတ်လေသည်။ သို့သော် တခဏ တွေ့ရုံနှင့်တော့ ဘယ်သူကမှ ကိုယ့်ကို သူငယ်ချင်း အရင်းအချာ စာရင်း မသွင်းသလို၊ စီးပွားရေးလည်း ကိုယ်နဲ့အတူ ထမလုပ်ပါ။ ထို့ကြောင့် မိတ်ဆွေကောင်း ရခြင်း၊ စီးပွားကောင်း လုပ်ရခြင်းသည် အ၀တ်အစားနှင့် မဆိုင်ပါချေ။ အရည်အချင်း နှင့်သာ ဆိုင်ပါသည်။ ပညာဂုဏ်၊ ဆွေမျိုးဂုဏ်၊ ရာထူးဂုဏ် မြင့်သော အမျိုးသမီးများ မည်သို့ ကျက်သရေ ရှိရှိ၊ အဆင့်အတန်း ရှိရှိ၊ တင့်တင့်တယ်တယ် ၀တ်စား တတ်ကြ ပါသနည်း ဆိုတာ အကဲခတ် လေ့လာ ကြည့်စေ လိုပါသည်။ ထိုသူတို့၏ ၀တ်စားနေထိုင် ပြောဆို ပြုမူပုံကို အတုခိုး ချင်သေး လျှင်လည်း ၀မ်းမြောက်စွာ ကြိုဆို ပါသည်။ အတွေးအခေါ်နှင့် မိမိဘ၀ တက်လမ်း အတွက် ကြိုးစားပုံ၊ ကြိုးစားနည်း ကိုသာ အတု ယူမည် ဆိုပါက အတိုင်းထက် အလွန် ကျေးဇူးတင် ဂုဏ်ယူ ၀မ်းမြောက် မိမည် ဖြစ်ပါသည်။

တက္ကသိုလ် နောက်ဆုံးနှစ် ရောက်စ ရည်းစား မရ သေးသော၊ ရည်းစား ရွေးရာတွင် ချေးထူသော ယောက်ျား လေးများ ပြောလေ့ ရှိသည့် စကားမှာ မိန်းမ ပေါသလောက် အိမ်ထောင်ဖက် ရှားတယ် ဆိုသော စကား ဖြစ်ပါသည်။ ယင်းတို့ လေးစား မြတ်နိုးစွာ တသက်လုံး ရှာဖွေ ကျွေးမွေး လက်တွဲ သွားလိုသော မိန်းကလေးတွင် စိတ်ပိုင်း ဆိုင်ရာ၊ အတွေးအခေါ် ဆိုင်ရာ အရည်အသွေး လေးတွေတော့ ရှိစေလို ကြသည်။ အချို့ မိန်းကလေး များမှာ ပေါ်ပင်နောက် လိုက်လွန်းသည်၊ အချို့ကတော့ ရှိသမျှ အရည်အချင်း နှင့်မမျှ စိတ်ကြီး ၀င်လွန်းသည်၊ အချို့ ကတော့ မိမိကို ကြိုက်သည့်သူ များတာကို သာယာ လွန်းပြီး ယောက်ျားများ မိမိကို မကြိုက် ကြိုက်အောင် အထာပေး၊ ပဲပေးလွန်းသည်၊ အချို့ မိန်းကလေး များက ဘဲရှုပ်လွန်းသည်၊ အချို့ မိန်းကလေး များကတော့ ငွေနှင့် အရည်အချင်း ရှိသော ယောက်ျား လေးများ နောက် ကျားချောင်း ချောင်းကာ မြှူဆွယ် အမိဖမ်းဖို့ ကြိုးစားသည်၊ အချို့ မိန်းကလေး များမှာမူ မည်သည့် ရည်ရွယ်ချက် ရှိသည်မသိ အ၀တ်အစား ပက်စက်လွန်းသည် စသည်ဖြင့် သူငယ်ချင်းချင်း ဆွေးနွေး တိုင်ပင် စာရင်းဖယ် လိုက်ပြီး သောအခါ မိကောင်း ဖခင် သမီးများထဲမှ ကျန်တာ ထဲက ရွေးချယ်ရလေသည်။ ရုပ်ဆိုး လွန်း သောကြောင့် အထင်သေးကာ ပယ်သည် ဆိုသည်မှာ ရှားပါသည်။ ရုပ်ဆိုး သော်လည်း စိတ်ကောင်း ရှိသော သူငယ်ချင်းမ များကို တန်ဖိုးထား တတ်ကြ ပါသည်။ တသက်တာ ရိုးမြေကျ ပေါင်းဖက် လိုသော မိမိ၏ အိမ်ထောင် ဘက်ကို လေးစား တန်ဖိုး ထားကာ ရွေးချယ် ကြသည်မှာ ယောက်ျား ကောင်းများ ဖြစ်လေ သည်။ အချို့ မိန်းမ ရှုပ်သော ယောက်ျား များမှာမူ မိမိ ငွေမရှာ ရတိုင်း၊ မိဘ ငွေကို လွယ်လွယ် သုံးကာ ယင်းတို့ နောက်ကို ခြေရာခံ လိုက်လာ တတ်သော ငွေမက် သော မိန်းမများကို လွယ်လွယ် တွဲပြီး မွှေးတုန်း ပန်ကာ၊ ရိုးလာတော့ ပစ်တတ် လေသည်။ အထက်ပါ မိန်းမဆိုး လေးများကြောင့် ထိုသို့သော ယောက်ျားများက မိန်းမ ဆိုလျှင် ငွေနဲ့ ပေါက်လို့ ရသည်ဟု ဆိုကာ လူကို တန်ဖိုး မထားတော့ တာများ မိမိ ကိုယ်တိုင်၏ ကိုယ်ကျင့် သိက္ခာ တရားကိုပါ တန်ဖိုး မထား တော့ပါချေ။ ထို့ကြောင့် မိန်းကလေးများ မိမိကိုယ်ကို တန်ဖိုးထားကာ ကိုယ်ပိုင် အရည်အချင်း အရ ရော၊ စိတ်ထားပိုင်း ဆိုင်ရာ အရပါ၊ ကျင့်ဝတ်သိက္ခာ၊ ဣနြေ္ဒ စောင့်စည်းမှု တို့ဖြင့် မိမိ တန်ဖိုးကို မြှင့်တင် ထိန်းသိမ်းပါက ယောက်ျားလေး များမှာလည်း ပေါ့ပေါ့ တန်တန် နေရဲ ပြောရဲ တော့မည် မဟုတ်ဘဲ အားလုံး စည်းစောင့်ကာ ကြိုးစား လာကြ မည် ဖြစ်ပေရာ လူမှု အသိုင်းအ၀ိုင်း တစ်ခုလုံး၏ လူ့တန်ဖိုး ‘စံ’ သတ်မှတ်ချက် တစ်ခုလုံး မြင့်တက် လာမည် ဖြစ်သောကြောင့် "မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့ မရ" ဆိုသည့် ဆိုရိုးနှင့် အညီ ငွေနဲ့ တန်ကြေး သတ်မှတ် မရနိုင်သော မိန်းမ တန်ဖိုး မည်မျှ ကြီးကြောင်း သိရပါ လိမ့်မည်။ လူ့တန်ကြေးကို လူနှင့်သာ နှိုင်းယှဉ် တန်ဖိုးဖြတ် သင့်ပေရာ မိမိ တန်ကြေးကို

ငွေနှင့်နှိုင်းယှဉ် တန်ဖိုး သတ်မှတ် သည်ကို ခံရပါက မိမိကို ပစ္စည်း အဖြစ် အသုံးချ ရန်သာ သဘောထား သည်ကို သိမြင် သဘောပေါက် သင့်ကာ မိန်းကလေးများ မိမိတန်ဖိုး ကို မိမိ စောင့်ထိန်း ကြစေလိုပါသည်။ တချိန်တွင် အမေ နေရာ၊ အဘွား နေရာ ရောက်လာမည် ဖြစ်သော အမျိုးသမီး ထုကြီးကို အမေချင်း၊ နှမချင်း ကိုယ်ချင်းစာကာ လူသား အားလုံးက လေးစား ကြရသည့် သူများ ဖြစ်လာ စေလိုသော စိတ် စေတနာ အရင်းခံဖြင့် သည်လို ဆန္ဒပြု ရခြင်း ဖြစ်ပါသည်။

ဆယ်ကျော်သက်မှ အသက် သုံးဆယ်တွင်း လူကြီးဖြစ်စ ညီအစ်မများသို့
အမျိုးသမီးများ အပျို အရွယ် ရောက်လာလျှင် အလွန် အရေးကြီး လှသော အချိန် ဖြစ်သောကြောင့် ခြေတလှမ်း ကုဋေ တစ်သန်း ဟူသော စကားပုံ ပေါ်ထွက် ခဲ့သည်။ သို့သော် "ဘ၀ အတွက် စဉ်းစား ဆုံးဖြတ်မှု ခြေလှမ်း" ဟူသော မူရင်း အဓိပ္ပာယ် ကွယ်ပျောက် ကာ မူယာ မာယာ များကာ ခြေတလှမ်းကို ဟန်လုပ် လှမ်းကာ လမ်းလျှောက် ကြသည့် အဓိပ္ပာယ် ပေါက်ကာ စဉ်းစား ဉာဏ်ကို ဦးစား မပေးကြ တော့ဘဲ မူယာ မာယာနှင့် အလှ အပသာ ဦးစားပေး ကုန်ကြ တော့သည်မှာ တိုင်းပြည် မည်မျှ နစ်နာ ပါသနည်း။

"အပျိုမလေး မာယာ များပြီး စဉ်းစားဉာဏ် နည်းတာ တိုင်းပြည် နစ်နာ တာနဲ့ ဘာဆိုင် လို့လဲ" လို့ မေးစရာ ရှိလျှင် ဖြေစရာလည်း ရှိပါသည်။ အနာဂတ် နိုင်ငံတော်ဧ။် ခေါင်းဆောင် ကောင်းများကို မွေးထုတ် မြေတောင်မြှောက်၊ ပြုစု စောင့်ရှောက် ရမည့်၊ ကမ္ဘာကို ကိုင်လှုပ်မည့် အနာဂတ် ခေါင်းဆောင်လောင်း ကလေးငယ်ဧ။် ပုခက်ကို လွှဲသော လက်ရှင် မိခင်လောင်း များသည် အိမ်ထောင် ကျပြီးနောက် အိမ်ထောင်ရေး အောင်မြင်မှု ရစေရန် နှင့် တသက်လုံး ပိုင်ဆိုင်ရမည့် မိခင်ဘ၀ အတွက် အိမ်ထောင်ရေး အလှ၊ အိမ်တွင်းရေး အလှများ အဆင်ပြေ ချောမွေ့ စေရန် စွမ်းဆောင် ရမည့်ပညာရပ် များကို လေ့လာဆည်းပူး သင့်ကြ ပါလျက် ရုပ်ရှင် မင်းသမီး၊ အဆိုတော်များ ၀တ်စား ဆင်ယင်၊ အလှပြင် မှုများကို အတု ခိုးခြင်း၊ သူတို့ရဲ့ အမူအယာ အပြောအဆို၊ လေယူ လေသိမ်း များကို အတု ခိုးခြင်း၊ တိုင်းတပါး ယဉ်ကျေးမှုကို ထင်ပေါ် လိုမှု အားကြီးပြီး တိုက်ရိုက် ပုံတူ ကူးကာ အ၀တ်အစား လော်မာ ခြင်းများကို အားထုတ် နေပါလျှင် အိမ်ထောင်ရေးကို ထိန်းသိမ်း နိုင်မည် မဟုတ်။
အကို တစ်ယောက်က ရည်းစား အထား မှားသော ညီကို ဆုံးမသော စကား တစ်ခွန်း ရှိပါသည်။ "မင်းယူမယ့် မိန်းမဟာ မင်းရဲ့ မိန်းမသာ ဖြစ်တာ မဟုတ်၊ မင်းရဲ့ သားသမီး တွေရဲ့ မိခင်လည်း ဖြစ်တယ်၊ ကိုယ်ဘယ်လို မိန်းမကို အမေ တော်ချင် လည်း၊ ကိုယ့် သားသမီး တွေကိုရော ဘယ်သူ့ကို အမေ တော်စေ ချင်သလဲ။ ကိုယ့် သားသမီး တွေရဲ့ အမေ လုပ်မည့် သူကိုလည်း ဘယ်လို မိန်းမ မျိုးကို ဖြစ်စေချင် သလဲ။ ကိုယ့် နဲ့သူ့ ဆွေမျိုး အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်မှာ ဘယ်လို အဆင် ပြေအောင် ဆက်ဆံ နိုင်မလဲ ဆိုတာ ကိုယ့်ဘာသာ စဉ်းစား။ ကိုယ်က အလုပ် တဖက်နဲ့ အပြင်ချည်း ရောက်နေ ချိန်မှာ ကိုယ့် သားသမီး တွေကို လူတလုံး သူတလုံး ဖြစ်အောင် ပြုစု ပျိုးထောင် ရမှာ ကိုယ့်မိန်းမပဲ၊ ကိုယ့် သားသမီး တွေကို ဘယ်လို လူတွေ ဖြစ်လာ စေချင် သလဲ ဆိုတာလည်း ကိုယ့်ဘာသာ စဉ်းစား၊ ပြီးမှ ဘယ်လို မိန်းမမျိုး ယူသင့်တယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်" ဟူသတည်း။

အပျိုကြီး ဖြစ်မည့် လူနည်းစု မှလွဲ၍ ကျန်သော အပျိုမ များမှာ အိမ်ထောင်ရှင် အမျိုးသမီးများ ဖြစ်လာကြ ပေမည်။ ရှေးဆန်သော မိသားစု များတွင် လင်သား စီးပွား ရှာပြီး မယားက အိမ်ထောင် ထိန်းသည် ဖြစ်စေ၊ ခေတ်ဆန်သော မိသားစု များတွင် လင်ရော မယားပါ အလုပ် လုပ်လျှင် ဖြစ်စေ အိမ်ရှင်မ မာယာများပြီး စဉ်းစားဉာဏ် နည်းပါက အိမ်ထောင်ရေး အဆင် မပြေရုံ သာမက သားသမီး များပါ စဉ်းစားဉာဏ် နည်းမည်။ အဘယ်ကြောင့် ဆိုသော် ဖခင် လုပ်သူ အိမ်ထောင် ဦးစီးမှာ အစိုးရ တာဝန် ဖြစ်စေ၊ စီးပွား ရှာမှု ကြောင့် ဖြစ်စေ သားသမီး များနှင့် နေချိန်၊ သားသမီး တို့ကို ဆုံးမ သွန်သင်ချိန် နည်းပါး သည်မှာ ထုံးစံလို ဖြစ်နေ ပါသည်။ ထို့ကြောင့် သားသမီး များရဲ့ ဘ၀ ရှေ့ရေး အတွက် အသိ အလိမ္မာ စဉ်းစား ဉာဏ်၊ ပညာ တို့ဧ။် အရင်း အမြစ်၊ အတုမြင် အတတ် သင်စရာ စံပြ ပုဂ္ဂိုလ်မှာ သူတို့နှင့် အနီးဆုံး နေထိုင်သူ (သို့မဟုတ်) အမေ ဖြစ်သော ကြောင့် ပင်တည်း။ မာယာ များပြီး စဉ်းစားဉာဏ် နည်းသော မိခင်ရဲ့သားသမီး အမေနဲ့ တူပါ လိမ့်မည်။ သားသမီးကို ကလေးထိန်း နဲ့သာ ပစ်ထားလျှင် ထိုကလေး ထိန်းရဲ့ နေထိုင် ပြောဆို ပြုမူ ဆက်ဆံ ပုံနှင့် စဉ်းစား တွေးခေါ် ပုံကိုသာ ကလေးက အတုခိုး ပါလိမ့်မည်။ သားသမီး (သို့မဟုတ်) အနာဂတ်ဧ။် ခေါင်းဆောင် မကောင်း မိဘခေါင်း ပါတည်း။

ထို့အပြင် အိမ်ထောင် တစ်ခု တည်ဆောက်သည် ဆိုသည်မှာ လူနှစ်ဦးဧ။် ဘ၀ ပေါင်းစပ်ပြီး နှစ်ယောက် တစ်ဘ၀ ဖြစ်ရုံမျှ မဟုတ်၊ ထိုသူ နှစ်ယောက် တို့ဧ။် မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုင်း အ၀ိုင်း များပါ ပေါင်းစပ်ခြင်း ဖြစ်ပေရာ အလွန် အရေးကြီး လှပေသည်။ စိတ်သဘောထား ကြီးမားမှု၊ ပေါင်းသင်း ဆက်ဆံရေး ချေငံ ပြေပြစ်မှု၊ လူရေး လူမှု ကျွမ်းကျင် လိမ္မာ မှုတို့ မရှိပါက နှစ်ယောက် တစ်ဘ၀ အိမ်ထောင်သည် ဘ၀သာ ပျက်စီးမည် မဟုတ်၊ မိတ်ဆွေ များပါ ဆုံးရှုံးမည် ဖြစ်ရုံ မျှမက ရန်သူပါ တိုးပွား နိုင်ပေ သေးသည်။ အလုပ် များနေသော ခင်ပွန်းသည်နှင့် သူဧ။် လူမှု ပတ်ဝန်းကျင်ကို ဆက်စပ် ပေးရမည့်၊ ခင်ပွန်းသည်ဧ။် အလုပ်နှင့် ဘ၀ အောင်မြင်မှုကို ဖြစ်မြောက် အစွမ်း ထက်အောင် ပံ့ပိုး ပေးရမည့် အိမ်ထောင်ရှင် အမျိုးသမီးဧ။် အခန်း ကဏ္ဍမှာ သည်အချိန်တွင် အလွန် အရေးကြီး လေသည်။ သို့မဟုတ် ပါမူ မိမိဧ။် လင်ယောက်ျားလည်း အလုပ် တွင်ကျယ်စွာ လုပ်ကိုင် နိုင်မည် မဟုတ်၊ အိမ်ထောင် ရေးလည်း အဆင် ပြေမည် မဟုတ်။ ထိုသို့ အဆင် မပြေပါက သားသမီးများ စိတ်လေခြင်း၊ အချို့ စိတ်ရောဂါ ဖြစ်ခြင်း စသည့် ဆိုးကျိုး များစွာ ဖြစ်နိုင်ပြီး အိမ်ထောင် ကွဲပြန် ပါက ဆိုးကျိုး ဂယက် များစွာ ပေါ်ပေါက် နိုင်ပြန် ပါသည်။ အဆိုးဆုံးမှာ သားသမီးများ "အတွင်းစိတ် မလုံခြုံမှု" စိတ်ဝေဒနာ ရရှိ သွားခြင်း ဖြစ်ပါသည်။ဤသည်မှာ အနာဂတ်ဧ။် ခေါင်းဆောင် လောင်းကို သတ်ခြင်း မည်ပါသည်။

မြန်မာ့ သမိုင်းတွင် ပြန်ကြည့်လျှင် အာရှတွင် မြန်မာ့ အရှိန် အ၀ါ မွန်းတည့် ခဲ့သော၊ ပထမ မြန်မာ့ အင်ပါယာ နှင့် ဒုတိယ မြန်မာ့ အင်ပါယာကို တည်ထောင် ခဲ့သော ကျန်စစ်သား နှင့် ဘုရင့်နောင် တို့မှာ သူရဲကောင်း လက်ရုံးများ ရှိသည်မှာ မှန်ကန် သော်လည်း နန်းတွင်းရေး နှင့် နိုင်ငံတော် အရေးကို ကျွမ်းကျင် လိမ္မာသော၊ တိုင်းပြည် အတွက် တိုင်ပင် ဆွေးနွေး အကြံ ဉာဏ်ကောင်း ပေးနိုင်သော မိဘုရား များကိုပါ ရရှိကြ လေသည်။ ကျန်စစ်မင်း လက်ထက် တိုင်းပြည် အခြေအနေ မတည် မငြိမ် ဖြစ်နေ ချိန်တွင် နိုင်ငံ စည်းရုံးရေး အတွက် အကြံကောင်း ပေးနိုင်သော မဏိစန္ဒာ မိဖုရား၊ ဘုရင့်နောင် လက်ထက် သေရည် ယစ်မူး နေခဲ့သော တပင်ရွှေထီး ကြောင့် တိုင်းပြည် စည်းလုံးရေး ပြိုကွဲ နေစဉ် စစ်ဗျုဟာ ကိုပင် တိုင်ပင် ဆွေးနွေး အကြံ ကောင်း ပေးနိုင်သော မိဖုရား ခေါင်ကြီး ခင်ခင်ကြီးတို့မှာ မိန်းမတိုင်း အတုယူ ထိုက်သော နမူနာ စံပြ မိန်းမကောင်း များပါပေ။ မြန်မာ့ အရှိန်အ၀ါ မွန်းတိမ်း ခဲ့သော ဘကြီးတော် ဘုရား၏ မိဘုရား နန်းမတော် မယ်နု၊ သူ့သမီးတော်

မင်းတုန်းမင်း၏ မိဘုရား ဆင်ဖြူမရှင် နှင့် နန်းမတော် မယ်နု၏ မြေး (သို့မဟုတ်) ဆင်ဖြူမရှင်၏ သမီး စုဖုရားလတ် တို့၏ သားအမိ၊ မြေးအဘွား တို့၏ နိုင်ငံ အရေးတွင် ပါဝင် ပတ်သက် မှုနှင့် ထို ပါဝင် ပတ်သက် မှုကို လက်ခံကာ ကိုယ်ကျိုး အတွက် အသုံးချ လိုကြသော သူတို့ကြောင့် မြန်မာ နိုင်ငံ တော်ကြီး တစ်ခုလုံး သူ့ကျွန် လက်အောက် ကျရောက် ခဲ့ရ လေရာ မိန်းမ တစ်ဦး၏ အခန်းကဏ္ဍမှာ မသေး လှကြောင်း တွေ့ရ ပေသည်။ ကမ္ဘာ့ သမိုင်း တွင်လည်း အချစ် အလိုကို လိုက်မှား မိသော ဟယ်လင် မိဘုရားကို အကြောင်း ပြုပြီး ဖြစ်ပွား ခဲ့သော ထရိုင် စစ်ပွဲတွင် ကြွေလွင့်ခဲ့ရသော စစ်သားကောင်း သူရဲကောင်း များ၊ ပျက်စီး ခဲ့သော နိုင်ငံတော်နှင့် ရှေးဟောင်း သမိုင်းဝင် မြို့တော်ကြီး တို့မှာ မိန်းမ တစ်ယောက်၏ ကုဋေ တစ်သန်း မက တန်သော ဘ၀ ခြေလှမ်းကို သက်သေထူ နေပါသည်။ မိန်းမ ဖျက်လျှင် ပြည်ပျက် သည် ဟူသော စကား ရှိပါသည်။ စိတ်နှလုံး နူးညံ့ သိမ်မွေ့သော မိန်းမသား များမှာ သူတပါး၏ သွေးထိုး မှုကြောင့် လည်းကောင်း၊ ပရိယာယ် ထောင်ချောက် ဆင်ခံရ သောကြောင့် လည်းကောင်း အသုံးချ ခံကြ ရပြီး သမိုင်းတွင် အမည်း စက်ဖြင့် ကျော်ကြား တတ်ခဲ့ ကြသော ဥပမာ များပင် ဖြစ်ပါသည်။ ထိုသို့ မဖြစ် စေရန် မိန်းမသားများ ဉာဏ်ရည် မြင့်သင့် ကြပါသည်။ အမေရိကန် နိုင်ငံတွင် ဇနီး တစ်ယောက်၏ အခန်း ကဏ္ဍ အလွန် အရေး ကြီးကြောင်း သိရှိ ကြသည့် အလျောက် အိမ်ထောင်မှု ထိန်းသိမ်း ရေးနှင့် အိမ်ထောင်သည် အမျိုးသမီးတိုင်း တတ်အပ်သည့် ပညာရပ် များကို ကျောင်းများ၊ တက္ကသိုလ် များတွင်ပါ ဘာသာရပ် တစ်ခု အဖြစ် သင်ကြား ကြရပုံကို သြညေူငျေ’ျှာငူန ရုပ်ရှင် ဇာတ်ကားတွင် ကြည့်မြင် နိုင်ပါသည်။

ဆယ်ကျော်သက်လည် ရင်သွေးရွယ်ကို အုပ်စိုးထိန်းကျောင်း မိခင်အပေါင်းတို့

မိမိရဲ့ ရင်သွေးငယ်ကို လူ့လောက ထဲမှာ ကြီးပြင်း လာအောင် ပြုစု ပျိုးထောင် ရာတွင် တည်ငြိမ် ရင့်ကျက်သော လူကြီး တစ်ယောက် ဖြစ်သထက် ဖြစ်လာအောင် သင်ကြား ဆုံးမကာ လူတလုံး သူတလုံး ဖြစ်လာအောင် ပျိုးထောင် သင့်ပါလျက် တချို့ မိဘ များမှာ မိမိ၏ ရင်သွေးငယ် ကလေးစိတ် မပျောက် သေးတာကို ဂုဏ်ယူ နေကြ သည်မှာ နားမလည် နိုင်အောင် ဖြစ်ရပါသည်။ တနည်း ပြောရလျှင် မရင့် ကျက် တာကို ရှက်ရမည့် အစား တလွဲ ဂုဏ်ယူ နေခြင်း ဖြစ်ပေသည်။ သမီးရှင် မိခင် ပင် ဖြစ်စေ၊ သားရှင် မိခင်ပင် ဖြစ်စေ မိမိ၏ သားသမီးကို ကိုယ် မတော်တဆ ကွယ်လွန် လျှင် မည်သူ့ အားမျှ ယုံပြီး ပုံအပ်ကာ သူတပါးကို အနှောင့်အယှက် ပေးစရာ မလိုဘဲ သူတို့ ဘာသာ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည် နိုင်စေရန် သင်ကြား ပျိုးထောင် ပေးသင့်ပေသည်။ လောကထဲမှာ စိတ်ချလက်ချ ထားခဲ့နိုင် လောက်သော အသက်မွေး ၀မ်းကျောင်း ဆိုင်ရာ အရည်အချင်းများ၊ လူကြီးလူကောင်း ပီပီ လူတော တိုးနိုင် လောက်သော ပေါင်းသင်း ဆက်ဆံရေး ဆိုင်ရာ အရည်အချင်းများ၊ လူမှု အသိုင်းအ၀ိုင်းတွင် ဂုဏ် သိက္ခာရှိစွာ ကျင်လည် နိုင်စေရေး အတွက် မရှိမဖြစ် လိုအပ်သော ကျင့်ဝတ်များ၊ အခြေအနေ၊ အချိန်အခါ ကို လိုက်ပြီး ပြဿနာ ဖြေရှင်းနည်း၊ အမှား အမှန်ကို ဝေဖန် ပိုင်းခြား ဆင်ခြင် စဉ်းစား ဆုံးဖြတ် နိုင်မှု စွမ်းရည်များ မြင့်မား လာအောင် အားထုတ်နည်း၊ အမှားကို ပယ်ပြီး အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံ ကျင့်သုံး ရဲသော သတ္တိ၊ အတွေးအခေါ် အရာတွင် သူတပါး နောက်လိုက် မဖြစ် စေဘဲ ကိုယ့်ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပြီး ကိုယ့်လမ်း ကိုယ်လျှောက် ရဲသော လိပ်ပြာ သန့်မှု၊ လောကဓံနှင့် ကြုံသော အခါ စိတ်ထားပုံ ထားနည်း စသည် များကို သင်ကြား ပေးသင့်ပါသည်။ အပျိုဘ၀ ငယ်ရွယ် စဉ်မို့ သူတပါး အတုခိုး ခဲ့ရစေ ကာမူ ယခု လူကြီး ဖြစ်ချိန်ဝယ် စု၊ တု၊ ပြု ဆိုသည့် အတိုင်း မိမိ အသိုင်းအ၀ိုင်းနှင့် လျော်ညီစွာ အမှားအမှန် ဝေဖန် ပိုင်းခြားပြီး အသင့်တော်ဆုံး နည်းကို ကိုယ်တိုင် ပြုစု ချမှတ် သင့်ပေသည်။

သို့သော် ထိုသို့ သင်ကြား ပေးရမည့် အစား မိမိ စကား နားထောင်ရင် ပြီးရော၊ မိမိ၏ သြဇာ တည်မြဲ နေလျှင် ပြီးရော ဆိုပြီး ကိုယ်ပိုင် အတွေး အခေါ်နှင့် စဉ်းစား ဆင်ခြင် သုံးသပ် မှုကို အားမပေး၊ မိမိ ရင်သွေး၏ ၀ါသနာနှင့် စိတ်ဝင်စား မှုကို လျစ်လျူရှု လျက် မိမိ၏ ဆန္ဒနှင့် အတ္တကို ရှေ့တန်း တင်၍ မိမိ၏ ချစ်လှ စွာသော ရင်သွေးငယ် တို့အား ရင့်ကျက်မှု မရှိအောင်၊ ကိုယ်ပိုင် အရည်အသွေး မရှိအောင်၊ မိမိ၏ ကိုယ်ပိုင် စဉ်းစား ဉာဏ်ဖြင့် ဆုံးဖြတ် ရဲခြင်း မရှိအောင် ပြစု ပျိုးထောင်ခြင်း အားဖြင့် အနာဂါတ်၏ မျိုးဆက်သစ် ခေါင်းဆောင်လောင်း များကို အညွန့် ချိုးပစ် နေခြင်းနှင့် တူသော ပဒေသရာဇ် ဆန်ဆန်၊ အာဏာရှင် ဆန်ဆန် ပျိုးထောင်မှု ပုံစံကို ဂရုပြု မိကြ ပါ၏ လော။ ဤကဲ့သို့ ပြုစု ပျိုးထောင် ခြင်းဖြင့် စစ်မှန်သော မိဘ မေတ္တာ ဖြစ်ကြောင်း သက်သေ ပြနိုင် ပါမည်လော။ အနာဂတ်၏ ခေါင်းဆောင်လောင်း အိပ်သော ပုခက်ကို လွှဲမည့် လက်သည် ဗီဇ မျိုးစုံ ပါလာ နိုင်သော ဉာဏ်ရည် ရှိသည့် ကလေးကို သူစိတ်အား သန်ရာ အပိုင်းတွင် ထွန်းတောက် အောင်မြင်အောင် ကြိုးစား နိုင်ရန် ပဲ့ပြင် ပျိုးထောင် ရာတွင် ကိုင်တွယ် တတ်ဖို့ လိုပါမည်။ ထိုကလေး မျိုးများ ရှင်သန် ကြီးထွား နေထိုင်ရာ ကမ္ဘာကြီး၏ အနာဂတ်မှာ ပုခက် လွှဲသော လက်ပေါ်တွင် မူတည် ပါသည်။ ထိုလက် ပိုင်ရှင် အမျိုးသမီး ထုကြီး ပေါ်တွင် မူတည် ပါသည်။

ဤစကား များသည် မည်သူ့ ကိုမှ ထိခိုက် နစ်နာ စေလိုသော စိတ်ထား မျိုးနှင့် ရေးသားခြင်း မဟုတ်ပါ။ အမျိုးသမီး ထုကြီး တစ်ရပ် လုံးကို မိမိ တို့၏ ကြီးမား လှသော အခန်း ကဏ္ဍတွင် တာဝန် ကျေပွန်စွာ ဆောင်ရွက်ရင်း အမိမြန်မာ နိုင်ငံ တော်၏ အနာဂတ် အတွက် အရေးပါ လှသော ခေါင်းဆောင် လောင်းများ ပြုစု ပျိုးထောင်ရေး တာဝန် များကို ခွဲဝေ ထမ်းရွက် ပေးပါရန် မိခင်ချင်း၊ နှမချင်း စာနာ စွာဖြင့် ဆွေးနွေး တိုက်တွန်း လိုက်ရပါသည်။