Friday, July 20, 2007

နှစ် (၆၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည် ပြခန်း

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်များကို လှိုက်လှဲစွာ အလေးပြုပါ၏

အာရှသူရဲကောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်၊ မြန်မာတမျိုးသားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း (ဖေဖော်ဝါရီလ ၁၃ ၁၉၁၅ မှ ဇူလိုင် ၁၉ ၁၉၄၇)

အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် တောင်တန်း ဒေသများကို လိုက်လံ စည်းရုံးစဉ်က ကချင်ပြည်နယ်တွင် ကချင် တိုင်းရင်းသား ၀တ်စုံနှင့် ဗိုလ်ချုပ် အောင်ဆန်း










နန်းရင်းဝန်အက်တလီနဲ့အတူ


ဆာဟူးဘတ်ရန့်နဲ့ အတူ




































မိခင်ကြီးဒေါ်စုကို အမှူးထား၍ အိမ်ထောင်ဦးစီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဘဝ

















အိမ်ထောင်ကျစ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပါရမီဖြည့်ဖက် ဒေါ်ခင်ကြည်



















ဂျပန်ခေတ် ကာကွယ်ရေးဝန်ကြီး ဘီဒီအေတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း













ဘီအိုင်အေစစ်သား ဗိုလ်တေဇ



















ဂျပန်ပြည်တွင် စစ်ပညာသင်ကြားနေစဉ်က ဂျပန်အမျိုးသားဝတ် ကီမိုနိုနှင့် ဗိုလ်တေဇ အဖြစ် (ဗိုလ်လက်ျာ၊ ဗိုလ်စကြာ တို့နှင့် အတူ)




အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း













ကောလိပ်ကျောင်းသား မောင်အောင်ဆန်း (ကျောင်းသားသမဂ္ဂ ဥက္ကဌ)

















ကြိုက်လို့တင်လိုက်ပါသည်

http://www.mediafire.com/?bczxghxy0q3

Tuesday, July 17, 2007

အမျိုးသားဇာတိမာန်

မကြာခင်ကျရောက်တော့မည့် ကထိန်ပွဲတော် အကြို ပြင်ဆင်မှု များကို ထိုင်းနိုင်ငံ၊ မဟာချိုင်ရပ်ရှိ ရင်ငြိမ်းပန်း အသင်းကြီးမှာ အသင်းသားများနဲ့ အတူ ၀ိုင်းဝန်း ဆောင်ရွက်နေရင်း ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ မျိုးချစ် စိတ်နဲ့ ဇာတိမာန် ကို ချီးကျူး လေးစား နေမိပါသည်။ ရင်ငြိမ်းပန်း အသင်းဆိုတာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား များရဲ့ သာရေး နာရေး ကိစ များကို ကူညီ ဆောင်ရွက် ပေးနေသော အသင်းကြီး ဖြစ်ပြီး အသင်း ရန်ပုံငွေ ကတော့ အသင်းသား မြန်မာလုပ်အား စွမ်းအားရှင် များရဲ့ လုပ်ခ ထဲက တစ်နေ့ တစ်ဘတ် နှုံးဖြင့် ထည့်ဝင်ငွေမှ ရသည်သာ ဖြစ်ပါသည်။ အသင်း၏ ရန်ပုံငွေ ထဲမှ ၀ယ်ယူ ထားသော ကွန်ပြူတာလေး များဖြင့် ညဘက်တွင် ပညာ ရှာလိုသော မြန်မာများကို ကွန်ပြူတာ အသုံးပြု နည်းပညာနှင့် အင်္ဂလိပ်စာ တို့ကိုလည်း ဘွဲ့ရမြန်မာ အလုပ်သမား များက စေတနာ အပြည့်ဖြင့် ထပ်ဆင့် လုပ်အား ပေးရင်း သင်ပေး ကြပါသေးသည်။ ယခုလည်း ထိုကွန်ပြူတာလေး၏ အထောက်အပံ့ဖြင့် အမောပြေ ဖွင့်ပေးထားသော စိတ်ကြိုက် စုစည်းမှု သီချင်း အယ်လ်ဘမ် လေးမှ ပျံ့လွင့် လာသည်မှာ ကလေးဘ၀က အသည်းစွဲ ကြိုက်ခဲ့ရသော Lion King ဇာတ်လမ်းတွဲ လေးထဲမှ We are one ဆိုသော သီချင်းလေး ပျံ့လွင့် လာသည်ကို နားထောင်ရင်း ထိုသီချင်း တည်ရာ ဇာတ်လမ်း လေးကို ပြန်ပြောင်း အောက်မေ့ အမှတ်ရရင်း အသင်း၏ ဝေယျာဝစ္န များကို ကူညီရင်း သည်နေ့မှထူးထူးခြားခြား အတွေးတစ ပေါ်ပေါက် လာပါသည်။

သည်သီချင်းလေးသည် ခြင်္သေ့မင်းကြီး Simba က သူ့သမီး နန်းလျာ ဖြစ်သော ခြင်္သေ့ ဘုရင်မလောင်း Kiara ကို အုပ်ချုပ်ရေး ပညာ သင်ကြားပေးရင်း တိုင်းခန်း လှည့်စဉ် လောက အကြောင်းကို သားအဖချင်း အပြန်အလှန် မေးမြန်း ဆွေးနွေး နေသော အခန်းကို ရိုက်ကူးစဉ် တင်ဆက် ထားသော သီချင်းလေး ဖြစ်ပါသည်။ ခြင်္သေ့မင်း ကြီး Simba ၏ ပထမဆုံး စတင်လိုက်သော သင်ခန်းစာမှာ မိမိမျိုးနွယ်၏ ဂုဏ်သိကာ တန်ဖိုးကို မြတ်နိုးရန် ဖြစ်လေသည်။

သတ္န၀ါတိုင်းတွင် နားမလည် နိုင်သော လောကဆိုင်ရာ အကြောင်းအရာများ၊ လျှို့ဝှက် ဆန်းကြယ်သော အခြင်းအရာ များစွာ ရှိသည့် အတွက် မိမိဘ၀ကို ဖြတ်သန်း နေစဉ် ကာလ အတွင်း မိမိ၏ စီစဉ် ထားချက် များမှာ ကြိုတင် စီစဉ်သည့် အတိုင်း အရာအားလုံး တသဝေ မတိမ်း ဖြစ်လေ့ မရှိကြောင်းကို အောက်ပါ သီချင်းလေးဖြင့် စတင် ဆုံးမပါသည်။

As you go through life you will see
There is so much that we
Don't understand

And the only thing we know
Is thing don't always go
The way we planned

ထို့နောက်တွင်မူ မိမိ၏ မျှော်လင့်ချက် အိပ်မက်များမှာ ကြိုးစားတိုင်း ဖြစ်မလာ သောအခါ မိမိတို့ ခြင်္သေ့ မျိုးရိုးသည် ဘယ်သော အခါမှ နောက်ပြန် မလှည့်သည်ကို မြင်ရမည် ဖြစ်ကြောင်း၊ အခြား ခြင်္သေ့များနှင့် ခြင်္သေ့စိတ်၊ ခြင်္သေ့ ဇာတိမာန် တို့သည် ခြင်္သေ့ ဂုဏ်သိက္မ္ခာကို ထိန်းသိမ်းစေရန် မျှော်လင့်ချက် အားမာန်နှင့် မိမိရဲ့ အားအစွမ်းကို ယုံကြည်မှု တို့ကို ထပ်လောင်း အားဖြည့် ပေးနေမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းအား ဂုဏ်သိက္မ္ခာထက် ခြင်္သေ့မျိုး တစ်မျိုးလုံးကို ကိုယ်စားပြုကာ နားလည် သဘောပေါက်ရန် လိုကြောင်းကို အောက်ပါအတိုင်း ဆက်လက် ဆုံးမလေသည်။

But you see everyday
That we never turned away
When it seems all your dreams come undone

We will stand by your side
Filled with hope and filled with pride
We are more than we are
We are one

ယနေ့ကမ္နာ့ မြေပုံပေါ်တွင် မြန်မာနိုင်ငံအဖြစ် ကိုယ့်ထီး ကိုယ့်နန်းဖြင့် ရပ်တည် နိုင်စေရန် ကြိုးပမ်း အားထုတ် ပေးခဲ့ ကြသော ခေတ်အဆက်ဆက်က ရှေးမြန်မာကြီး များကို သည်သီချင်း နားထောင်ရင်း ပိုမို သတိရကာ လေးစား ဂုဏ်ယူ နေမိပါသည်။ ပုဂံခေတ်မှ စတင် ရေတွက်လျှင် ခေတ်ပေါင်း ၁၀ဆက် တိုင်ခဲ့ပြီ ဖြစ်သော မြန်မာ နိုင်ငံသည် အခါခါ ပြိုလဲပြီး အခါခါ ပြန်ထနိုင် ခဲ့သည်မှာ ခေတ်အဆက်ဆက် ခေါင်းဆောင် များ၏ ပြန်လည် ထူထောင်ရေး လမ်းစဉ်များ ကောင်းသောကြောင့် ဆိုသည်ကို ငြင်းချက်ထုတ် မရနိုင်ကြောင်း တွေ့ရပါသည်။ ထို့အတူ မင်းမျိုးရိုး မရှိခဲ့သော သာမန် ပြည်သူ လူထုထဲမှ ထူးချွန်စွာ ပေါ်ထွက် လာသော မြန်မာအင်ပါယာ ကိုပင် ထူထောင် နိုင်သော အရပ်သားမင်း ခေါ် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်နှင့် အလောင်း ဘုရား တို့သည် တိုင်းပြည်ကို ထူထောင်နိုင်ရန် မည်သူ့၏ ဥာဏ်ပညာ၊ စိတ်ဓာတ် အင်အားကို ရခဲ့ ပါသနည်း။ သူတို့၏ မိဘ ဆွေမျိုးများရဲ့ နိုင်ငံ သားကောင်း ပီသစွာ နိုင်ငံသား တာဝန် ကျေပွန်စွာ သားသမီး များကို ပျိုးထောင် သင်ကြား ဆိုဆုံးမမှု တို့ကြောင့်သာ ဖြစ်ပေမည်။ သူတို့ရဲ့ တိုင်းပြည်ရဲ့ အကြပ်အတည်း များကို ခေါင်းမရှောင်တမ်း ထမ်းဆောင် ဖြေရှင်းခဲ့မှု တို့ကြောင့် မြန်မာနိုင်ငံ သည် ယနေ့ထိ ရပ်တည် နေနိုင်ခြင်း ဖြစ်ပါသည်။ သူတို့၏ စွမ်းဆောင်ချက် များကို ပြန်လှန် စဉ်းစား မိတိုင်း ဇာတိမာန် တက်ကြွ လာကာ အခက်အခဲ များကို ဖြေရှင်းနိုင်မည့် မျှော်လင့်ချက် လမ်းစများ ပိုမို ထားရှိ နိုင်လေသည်။
မိမိတစ်ဦးတည်း ကြိုးစားရုံဖြင့် ဘာများ တိုးတက် လာနိုင် မည်နည်း ဆိုခဲ့သည် ရှိသော် ဥပမာတစ်ခု ဆောင်လို ပါသည်။ နှံပြည်စုတ် ငှက်တစ်ကောင်၊ ယင်တစ်ကောင်၊ ကျီးတစ်ကောင် နှင့် ဖားတစ်ကောင် တို့ တစ်ကောင် ချင်း တိုက်လျှင် ဆင်ပြောင်ကြီးကို မည်သို့မျှ မယှဉ်နိုင် သော်လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ သောအခါ အောင်မြင် ခဲ့ကြောင်း ကျွန်တော်တို့ ငယ်ငယ်က ကြားဖူး ခဲ့သော ပုံပြင်ကို ဘုရားဟော ခဲ့လေသည်။ အုတ်တစ်ချပ်ချင်း၊ သဲတစ်ပွင့်ချင်း ပေါင်းပြီး တည်ခဲ့သော ပုဂံပြည် ကြီးသည် နှစ်ပေါင်း တစ်ထောင်ကျော် ကြာခဲ့ သော်လည်း ဆက်လက် တည်တံ့ဆဲ ဖြစ်ကာ ယနေ့တိုင် ကျွန်တော်တို့ တွေ့မြင် နိုင်ဆဲပင် မဟုတ်ပါလား။ ထို့ကြောင့် မိမိတို့ တစ်ဦးချင်း အနေဖြင့် သမိုင်းတွင် ကမ္နœည်းတင် မခံရ စေကာမူ အများ စုပေါင်း လိုက်သော အခါ သမိုင်း မှတ်တိုင် အဖြစ် ကျန်ရစ် နိုင်သည်ကို ဥပမာ ယူနိုင် လေသည်။ သမိုင်း ကမ္နœည်းတွင် စာတင် ခံလို လှလျှင်ကား စာတင် ခံရလောက်အောင် စွမ်းစွမ်း တမံ လုပ်ဆောင် အားထုတ် အကောင်အထည် ဖော်နိုင်မှ ဖြစ်ချေ မည်။ သမိုင်းတွင် စာတင် ခံရမှ တာဝန် ကျေနိုင်မည်ဟု စိတ်ထားသူ များနေပါက မြန်မာ့ သမိုင်းကြောင်း သည်မျှပင် တောက်ပြောင် ခဲ့မည် မဟုတ်ချေ။ထို့အတူ မြန်မာ့ သမိုင်း ကြောင်းကို တောက်ပြောင်အောင် စွမ်းဆောင် ခဲ့ကြသော ခေတ် အဆက်ဆက်က ရှေးမြန်မာ ကြီးများသည် သမိုင်းပေး တာဝန်ကို ကျေပွန်ခဲ့ကြ သောကြောင့်သာ ယနေ့ မြန်မာပြည်သည် ကမ္ဘာ မြေပုံပေါ်တွင် ကျန်ရစ်နေ သေးခြင်း ဖြစ်လေသည်။ အမျိုးသား ဇာတိမာန် သည်လည်း ထိုရှေးမြန်မာ ကြီးများ၏ ခေတ်အဆက်ဆက် စွမ်းဆောင်ချက် တို့ဖြင့် သက်သေ ပြုရင်း လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ကြောင့်သာ ပိုမို တောက်ပြောင် ခဲ့ခြင်း ဖြစ်လေသည်။ ဆက်လက် ပျံ့လွင့် လာနေသော သီချင်းကို အတွေး တစ်စ ဖြင့်ပင် ဆက်လက် နားဆင်နေ မိပါသည်။ တီးလုံးတကျော့ ပြီးချိန်တွင် တွေးဖွယ် များစွာ ပါသော စာသားက ပြန်လည် ထွက်ပေါ် လာပါသည်။
သမီးတော်လေး က ခြင်္သေ့ ဘုရင်မ အဖြစ် မိမိ ကြိုးစားရမည့်၊ လိုက်နာရမည့် ကျင့်ဝတ် များမှာ များပြား လွန်းလှသည့် အတွက် ထိုဘ၀ကို စွန့်လွှတ်ကာ မိမိဘာသာ ဘာဝ သာမာန် ခြင်္သေ့ အဖြစ် နေနိုင် မည်လော၊ မိမိ၏ ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက် ကိုသာ စွဲကိုင်ကာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကာ မိမိ စိတ်တိုင်းကျ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်ရင်း နေထိုင် သွားလာ နိုင်မည်လော။ သို့တည်း မဟုတ် သူမသည် သူမဖခင် ခြင်္သေ့ မင်းကြီးရဲ့ ခြင်္သေ့ မျိုးနွယ် ဂုဏ်သိကာ ရှင်သန် ဖွံ့ဖြိုးရေး စီမံကိန်းကြီး အောင်မြင် စေရန် ခြင်္သေ့ ဘုရင်မ အဖြစ် ဖြည့်ဆည်း ရမည့် ကြီးမား လှသော စီမံကိန်း၏ တစိတ် တဒေသသာ ဖြစ်သလော ဆိုသည်ကို အောက်ပါ အတိုင်း မေးခွန်း ထုတ်လေသည်။

If there's so much I must be
Can I stay just be me
The way I am?

Can I trust in my own heart
Or am I just one part
Of some big plan?

သည်အချိန် တွင်တော့ ယနေ့ မျိုးဆက်သစ် လူငယ်များ စာရင်းဝင် ဖြစ်နေသော ကျွန်တော် ပိုမို အာရုံစိုက် နားထောင်မိ သွားခဲ့ပါသည်။ ကျွန်တော် တို့သာ သည်ခြင်္သေ့မလေး နေရာမှာ ဆိုလျှင် တိုင်းပြည် ခေါင်းဆောင် ဖြစ်ဖို့အရေး သည်လိုများ စဉ်းစားမိ ပါမည်လား။ ကိုယ်တကယ် သည်တာဝန်ကို ထမ်းဆောင်နိုင် လောက်ရဲ့ လား လို့များ မစဉ်းမစားဘဲ ဂုဏ်တစ်ခု အတွက်များ ပြီးပြီးရော ခေါင်းညိတ်ရင်း မနိုင်မနင်း ဖြစ်ကာ အရှက် တကွဲ အကျိုနည်းများ ဖြစ်လေ မည်လား။ သည်လို အခွင့်အရေး မျိုးကြီးကို ကိုယ့်ယုံကြည်ချက် အတွက် စွန့်လွှတ်ရဲ ပါမည်လော။ တကယ်တမ်း ပြန်စဉ်းစား လိုက်တော့ မနိုင်ဝန်ကို စွန့်လွှတ် တာက ပိုမှန် ပေမည်။ မနိုင်မနင်း ဖြစ်လျှင် မိမိ သာလျှင် အရှက်တကွဲ ဖြစ်ပြီး အကျိုးနည်း မှာကတော့ မိမိသာမက တိုင်းပြည် တစ်ခုလုံး ဖြစ်သောကြောင့် သမိုင်းတွင် ဘုရင် အဖြစ် စာရင်း ၀င်မည်ထက် ပြည်ဖျက် အဖြစ်သာ စာရင်း ၀င်မည် ဖြစ်ပြီး ကောင်းဂုဏ် မချဉ်း၊ ဆိုးဂုဏ် သင်းနေရချည့် ဟုတွေးမိရင်း ဖခင် ခြင်္သေ့ကြီးက မည်သို့ တုန့်ပြန် မည်ကို သိရန် သီချင်းကို ဆက်လက် နားစွင့်မိ နေပါသည်။
ထိုအခါ ဖခင် ခြင်္သေ့ မင်းကြီးက ဘုရင့် အမိန့်ကို ချက်ချင်း မလိုက်နာဘဲ အငြင်း မေးခွန်းဖြင့် ပြန်လှန် မေးခွန်း ထုတ်သော သမီးငယ်ကို စိတ်မဆိုးဘဲ ကြီးမား လေးလံ လှသော တာဝန်ကို အားတင်း ထမ်းရင်း မနိုင်မနင်း ဖြစ်မည်ကို စိုးရိမ်ကာ အားငယ်ဟန် ရှိသော သမီးငယ်ကို ဆက်လက် အားပေး ပြန်လေသည်။ တာဝန်မှ အနား ယူပြီး ဖြစ်သော၊ သေလွန် လေပြီးသော ထီးနန်း ဆက်ခံသူ အားလုံး ပင်လျှင် မိမိ တာဝန်ကို နိုင်အောင် ထမ်းဆောင် သွားခဲ့ ကြပြီး ဖြစ်ကြောင်း၊ ထိုသူများ မရှိတော့ သော်လည်း ထိုသူများ၏ လုပ်နည်း လုပ်ဟန်များ၊ စဉ်းစားပုံ စဉ်းစား နည်းများ၊ စိတ်နေ စိတ်ထားများ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရည်အသွေး များနှင့် စိတ်ဝိညာဉ် များမှာ မိမိတို့ နှင့်အတူ ဆက်လက် တည်ရှိနေ သေးကြောင်း၊ သမီးငယ်၏ ဘ၀ခရီးမှာ ယခုမှ စတင်ကာစ သာ ဖြစ်သေးသဖြင့် နောက်တွန့် အားငယ် နေရန် မသင့်ကြောင်း၊ ၀မ်းသာမှုကြောင့် လည်းကောင်း၊ ၀မ်းနည်းမှု ကြောင့် လည်းကောင်း ခံစားမှုကြောင့် မျက်ရည် ကျနိုင် သော်လည်း မည်သည့်အခါမှ၊ မည်သည့်အရာ ကမှ ပျက်စီးအောင် မဖျက်ဆီး နိုင်သည်မှာ မိမိတို့၏ ရင်တွင်း အနက်ရှိုင်းဆုံး နေရာထိတိုင် တည်ရှိနေသော ဇာတိမာန်သာ ဖြစ်ကြောင်း၊ ထိုဇာတိမာန်ဖြင့် မိမိကိုယ်ကို မောင်းနှင် အားပေး သွားရမည် ဖြစ်ကြောင်း တို့ကို ဆက်လက် ဆုံးမ အားပေး ပြန်လေသည်။

Even though who are gone
Are with us as we go on
Your journey has only began

Tears of pain, tears of joy
One thing nothing can't destroyed
Is our pride, deep inside
We are one!!!
ယင်းတို့ နိုင်ငံတွင်းတွင် လူဦးရေ ပေါက်ကွဲနေပြီး ကမ္နာ့လူဦးရေ အများဆုံး စာရင်းဝင် နေသော အိမ်နီးချင်း နိုင်ငံ နှစ်နိုင်ငံ ကြားတွင် ရပ်တည် နေသော မြန်မာပြည်သည် ဘာကြောင့် ယနေ့ထိ ကြံ့ကြံ့ခံ ရပ်တည် နေနိုင်ခဲ့ သနည်း။ အခက်အခဲ အကြပ်အတည်း တွေ့တိုင်းသာ ရှေးမြန်မာ ကြီးများသည် ခေါင်းရှောင် ခဲ့ကြပြီး သူတပါး နိုင်ငံသား အဖြစ် ခံယူခွင့် တောင်းကာ နိုင်ငံပြောင်း ရလျှင်ဖြင့် ယနေ့ မြန်မာလူမျိုး ဟူ၍ပင် ကမ္ဘာ့မြေ ပေါ်တွင် ကျန်ရစ် မည်ပင် မဟုတ်ပါချေ။ မြန်မာနိုင်ငံတွင် ခေတ်ပေါင်း ၁၀ခေတ် တိုင်ခဲ့သည့် အနက် ခေတ်တိုင်း တွင် မွန်းတည့်ချိန်များ ရှိခဲ့ကြသည်။ တိုင်းပြည် သည် အခက်အခဲ အကျပ်အတည်း ကြားတွင် ကျရောက် နေစဉ် တိုင်းပြည်ကို ပစ်ကာ ကိုယ်လွတ်ရုန်း မပြေးဘဲ အကျပ်အတည်း ကြားမှ လွတ်မြောက်အောင် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ထုတ်သုံးကာ တိုင်းပြည် အတွက် ကြံ့ကြံ့ခံ ကြိုးစား ခဲ့ကြသော သူရဲကောင်းများ၊ နိုင်ငံသား ကောင်းများ ပေါများ ချိန်တွင် ထိုခေတ်သည် တက်နေလို ထွန်းပြောင် ခဲ့ပါသည်။ မွန်းတည့်ချိန် ရောက်ခဲ့ပါ သည်။ ခေတ်တိုင်းတွင် နေ၀င်ချိန်များ ရှိခဲ့ပါသည်။ တိုင်းပြည်သည် အခက်အခဲ အကျပ်အတည်း ကြားတွင် ကျရောက် နေစဉ် ဘယ်သူသေသေ၊ ငတေမာ ပြီးရော စိတ်ဖြင့် သာရာစီး၊ နိုင်ရာစားသော သာကူးများ၊ နိုင်ငံသား တာဝန် မကျေပွန်သူ သစ္စာဖောက်များ ပေါများသော အချိန်တွင် ခေတ်တခေတ် ဆုံးခန်း တိုင်ကာ မြန်မာပြည်ကြီး နေ၀င်ချိန် ရောက်ပါသည်။ သည်လို နေ၀င် နေထွက်ချိန် များကို ခေတ်တိုင်းတွင် ကြုံတွေ့ လာခဲ့ရာ ပုဂံခေတ်က စရေတွက်လျှင် ယခုအခါ ၁၀ခေတ် မြောက် ရောက်ခဲ့ ပါပြီ။ မိမိတိုင်းပြည်က မိမိတို့လို လူ့စွမ်းအား အရင်းအမြစ်များကို လိုအပ် နေချိန်တွင် တိုင်းပြည်ကို ပစ်ခွာရင်း ရေကြည်ရာ မြက်နုရာဟု ဆိုကာ အခွင့်အရေး သာရာသို့သာ သွားရောက်သူ များနေလျှင် တိုင်းပြည်မှာ မည်သို့ နာလန်ထူ ပါမည်နည်း။ ထို့ကြောင့် မိမိအလှည့် ရောက်မှ နွဲ့ကြပါ မည်လော။ မိမိခေတ် ရောက်မှ တိုင်းပြည် ပျောက်ရပါ မည်လော။ ခံစားချက်များမှာ နိုင်ငံသား တိုင်းတွင် ရှိနိုင်ပါသည်။ သို့သော် နိုင်ငံသားတိုင်း၏ ရင်တွင်း အနက်ရှိုင်းဆုံး နေရာတွင် ရှိနေသော အမျိုးသား ဇာတိမာန် ကိုတော့ မပျောက်ဆုံး စေသင့်ပါချေ။
ဆက်လက် ပျံ့လွင့် လာနေသော သီချင်းသံတွင် ဖခင် ခြင်္သေ့ကြီးက တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရာတွင် အလိုအပ်ဆုံးနှင့် အရေး အကြီးဆုံး ဖြစ်သော စည်းလုံး ညီညွတ်မှုကို မည်သည့် အတွက်ကြောင့် အရေး ကြီးကြောင်း ဆက်လက် ရှင်းပြ ပြန်လေသည်။ ကောင်းကင်နှင့် မြေကြီး သည်ပင်လျှင် အထက်နှင့် အောက် ကွဲပြား ခြားနား နေသော်လည်း နေမင်းကြီး အောက်တွင် ရှိသော မိသားစု တစ်ခု တည်းမှ ဖြစ်ကြောင်း၊ ထို့ကြောင့် ခြင်္သေ့ ဘုရင်မအဖြစ် တိုင်းပြည် အုပ်ချုပ် မင်းလုပ်ချိန် တွင် အုပ်ချုပ်ခံ ပြည်သူ ပြည်သား များနှင့် တသွေးတည်း တသားတည်း ဖြစ်သင့်ကြောင်း များကို ဥပမာ ပေးပြီး ဆုံးမ ပြန်လေသည်။ သည်အချက်ကို နားလည် သဘောပေါက် သည်နှင့် တပြိုင်နက် တိုင်းပြည်ကို ခေါင်းဆောင်နိုင် လောက်သော ဥာဏ်ပညာနှင့် လိုအပ်သော သတ္တိတို့ကို ရှာဖွေ တွေ့ရှိ လိမ့်မည် ဖြစ်ကြောင်း၊ တစ်ဦး ကောင်း၊ တစ်ယောက် ကောင်းတို့ ပေါင်းစုကာ အားလုံးက စွမ်းရည် ထက်မြက်လျက် စည်းလုံး ညီညွတ်မှုပါ ထပ်ဆင့် လိုက်လျှင် တစ်ယောက် ကောင်းချင်း ပေါင်းထားသော စွမ်းအားထက် အများပေါင်း စွမ်းအားက ပိုမိုအင်အား ကြီးမား ထက်မြက်မည် ဖြစ်ကြောင်း တို့ကိုလည်း ဆက်လက် အားပေး ဆုံးမပုံကို တေးရေးသူ Marty Panzer နှင့် Mark Feldman တို့က အောက်ပါ အတိုင်း အားကောင်း လှသော စကားလုံး များကို ရွေးချယ် သုံးနှုံး သီကုံး ခဲ့လေသည်။
We are one,
you and I
We are like the earth and sky
One family under the sun
All the wisdom to lead
All the courage that you need
You will find when you see
We are one
သည်သီချင်း အပြီးတွင်မူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ထဲမှ အမာခံ အချို့ကို ပိုမိုလေးစား ချီးကျူး မိလေသည်။ သူတပါး နိုင်ငံတွင် အခြေအနေ အရ တရားမ၀င် လာရောက် အလုပ် လုပ်ကိုင် နေရကာ အခက်အခဲ အကျပ်အတည်း မျိုးစုံကို ရင်ဆိုင် နေရသော်လည်း သူတို့၏ အရည်အချင်းကြောင့် လက်မလွှတ် နိုင်သော အလုပ်ရှင်မှ နိုင်ငံသား ခံယူရန် ဆွဲဆောင် သော်လည်း ရဲရဲတောက် ငြင်းဆန်ကာ အလုပ်ရှင်က အလုပ် ထွက်ရန် ခြိမ်းခြောက် သောအခါ သတ္တိ ရှိရှိ ရင်ကော့ကာ အလုပ်ထွက် ခဲ့သောသူ များကို လွန်စွာ ချီးကျူး မိလေသည်။ သူတို့၏ ကိုယ်ပိုင် သမိုင်းကြောင်း ကို ဇာတိမာန်နှင့် ရေးသွားသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား များကို ကြည့်ရင်း အနာဂတ် မြန်မာနိုင်ငံ အတွက် ပြန်လည် အားတက် မိပါသည်။ သည်လို လူမျိုးတွေ များနေသေး သရွေ့ မြန်မာ နိုင်ငံသည် တော်တော်နှင့် နေ၀င်ဦးမည် မဟုတ် ဟုလည်း မျှော်လင့် မိပါသည်။ သို့သော် သီချင်းထဲတွင် ပါသည့် အတိုင်း သည်လို လူမျိုးတွေ စုစည်းစွာ စည်းလုံး ညီညွတ် မည့်နေ့ကို မျှော်လင့်မိ ပါတော့သည်။

ရင်မှာကိန်းတဲ့ ရှင်သန်ဆဲအာဇာနည်

သီချင်း နားထောင်ရန်

မကြာခင်ကျရောက်တော့မယ့် အာဇာနည်နေ့ကို သတိ ထားမိချိန်။ ဖွင့်ထားတဲ့ စိတ်ကြိုက် စုစည်းမှု သီချင်း အယ်လ်ဘမ် ထဲက လွင့်ပျံလာတဲ့ ကလေးဘ၀က နှစ်ခြိုက် စွဲလမ်းစွာ ကြည့်ခဲ့ရတဲ့ Lion King ကာတွန်း ဇာတ်လမ်း လေးထဲက He lives in You ဆိုတဲ သီချင်းလေးကို ကြားလိုက် ရတဲ့အခါ ကျွန်တော့် စိတ်အစဉ်ဟာ မိုးဖွဲတွေ ထဲမှာ အတွေး နယ်ချဲ့ နေမိပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီး များဟာ နယ်ချဲ့ရဲ့ ကိုယ်ကျိုးရှိစွာ သွေးဆောင် ဖြားယောင်းမှုကို သိက္မ္ခာနဲ့ သစာရှိစွာ ရှောင်ရှားရင်း ကိုယ်ကျိုးကို ထိခိုက်စေမယ့် နယ်ချဲ့ ဆန့်ကျင် ရေးနဲ့ တိုင်းပြည် လွတ်လပ်ရေး အတွက် ယင်းတို့ရဲ့ ငယ်ရွယ် ပျိုမျစ်မှု၊ ပျော်ရွှင်မှု၊ ဘ၀တက်လမ်း စတာတွေ စွန့်လွှတ်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံ၊ ဆင်းရဲခံရင်း တိုင်းပြည် အတွက် ကျရာ အခန်း ကဏ္ဍ ကနေ စွမ်းစွမ်း တမံ တာဝန် ကျေပွန်စွာ တိုင်းပြည် အကျိုးကို ထမ်းဆောင် သွားခဲ့ကြ ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်၊ ကိုယ်ရည် ကိုယ်သွေးကို သူတို့ကို မတွေ့မမီ လိုက်သူ ယနေ့ခေတ် လူငယ်များ ကပါ ဆက်လက် လေးစား နေခဲ့ကြ ရတာ သူတို့ရဲ့ စိတ်ရင်း စေတနာ မှန်ခဲ့လို့ ဆိုတာ သက်သေ ပြနေတာပါပဲ။ သည် ခေါင်းဆောင်ကြီး များရဲ့ အာဇာနည် စိတ်ဓာတ် တွေလောကက ကွယ်ပျောက် နေခဲ့ကြ ပြီလား။ သူတို့ တတွေရဲ့ ခန္မ္ဓာကိုယ်တွေ သေဆုံးခဲ့ပေမယ့် သူတို့ရဲ့
စိတ်ဝိညာဉ် တွေရော .... ပြည်သူများ ကြားမှာ ရှင်သန် နေဆဲလား ..... တကယ် သေဆုံးခဲ့ ကြပြီလား။ သူတို့တွေ အခု ဘယ်မှာ ရှိနေခဲ့ ကြသလဲ။ ရောက်တတ်ရာရာ စဉ်းစားရင်း သီချင်းကိုလည်း နားထောင်ရင်း ကျွန်တော် Lion King ကာတွန်း ဇာတ်လမ်း လေးထဲက ခြင်္သေ့ သားငယ်လေး တဖြစ်လဲ Simba ရဲ့ ရင်ထဲကို ၀င်ရောက် ခံစား ကြည့်နေ မိပါတယ်။

ခြင်္သေ့သားငယ်လေး တဖြစ်လဲ Simba ရဲ့အဖေ၊ ခြင်္သေ့မင်းကြီး Mufasa ဟာ အရည်အချင်း မဲ့လျက် ထီးနန်း မက်မောသူ ညီရင်း ဖြစ်တဲ့ Scar ရဲ့ ယုတ်မာ ပက်စက် ကောက်ကျစ်တဲ့ အကြံကြောင့် အသတ်ခံ ရပြီး တဲ့အခါ Scar ရဲ့ လက်စွဲတော် များရဲ့ လုပ်ကြံ သတ်ဖြတ်မှု အောက်က သီသီလေး လွတ်မြောက် လာတဲ့ Simba ဟာ ဆွေမဲ့မျိုးမဲ့ ဘ၀နဲ့ တနယ်တကျေးကို ရောက်ရှိကာ မိမိရဲ့ ပင်ကိုယ် မူရင်းဘ၀ကို တတ်နိုင်သမျှ မေ့ဖျောက် ပြီး နေခဲ့ရ ရှာပါတယ်။ သေလွန်သွားသူ ဖခင်ကို လွမ်းဆွတ် နေချိန်မှာ သူ့ဖခင်ရဲ့ ပုရောဟိတ်ကြီး လမ်းညွှန်မှု ကြောင့် သူ့ဖခင်ရဲ့
စိတ်ဝိညာဉ်ဟာ သူ့ကိုယ်ထဲမှာ ခြင်္သေ့စိတ်၊ ခြင်္သေ့မာန် အဖြစ် ရှင်သန် နေပြီး သူ့ကိုယ်ထဲမှာ ဖခင်ရဲ့ သွေးများ စီးဆင်းဆဲ ဖြစ်ကြောင်း ပြန်လည် သတိထား မိသွားပြီး သူ့ရဲ့ ရသင့် ရထိုက်တဲ့ ထီးမွေနန်းမွေကို ပြန်လည် ရယူ ပိုင်ဆိုင်ဖို့ အတွက် သူ့ရဲ့ ခြင်္သေ့ တိုင်းပြည်ကို ပြန်လည် ရောက်ရှိဖို့ ခရီးစချိန်မှာ သည်သီချင်းကို တီးခတ် သီဆို ထားတာ ဖြစ်ပါတယ်။

Night
And the spirit of Life
Calling

အစတီးလုံးနဲ့ သည်စာသားဟာ သူ့ရဲ့ ခြင်္သေ့စိတ်မာန်ကို ပြန်လည် နိုးကြွ လာအောင် နှိုးဆွ လိုက်ချိန်မှာ စတင် တီးခတ် သီဆို လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ သည်လို နှိုးဆွ နေရချိန်မှာ ကလေးဘ၀က ရရှိ အမြစ်တွယ် လာ ခဲ့တဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက် ဒဏ်ရာများနဲ့ ကျန်ရစ်သူ ခြင်္သေ့ အသိုင်းအ၀ိုင်းရဲ့ သူ့အပေါ်မှာ ရှိနေနိုင်မယ့် အထင်လွဲ နေမှုတို့ကို ရင်ဆိုင်ဖို့ ခွန်အားတို့ကို စိတ်မချ နိုင်တဲ့ သနားစဖွယ် အတွင်းစိတ် တိုက်ပွဲ တို့ကို တွန်းလှန် အောင်မြင် နိုင်ဖို့ အတွက် အားပေး စကားသံ အဖြစ် Tina Turner သည်လို ဆက်လက် သီဆို ထားပါတယ်

Wait!!!
There's no mountain too great
Hear the words and Have Faith
Have Faith

မြန်မာနိုင်ငံ သူ့ကျွန် လက်အောက်က လွတ်မြောက်ဖို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ ချိန်မှာ အလွန်မြင့်မား အန္နရာယ် ကြီးမားတဲ့ အခက်အခဲ တောင်ကြီးများကို ကျော်ဖြတ် ခဲ့ရတာ ဖြစ်ပေမယ့် ယုံကြည် ချက်နဲ့ ကြိုးပမ်းမှုသာ လုံလောက် အောင် ရှိခဲ့ရင် ဘယ်တောင်မှ မကျော်နိုင် လောက်အောင် မမြင့်ဘူး ဆိုတာ သမိုင်းက သက်သေပြ ခဲ့တာကို လွတ်လပ်ရေးရဲ့ အရသာကို ခံစားရင်း ယနေ့ခေတ် လူငယ်များ သိရှိ ခဲ့ကြပြီး ဖြစ်ပါတယ်။ အဓိက အရေးအကြီးဆုံး ကတော့ လှုပ်ရှားမှု အားလုံးကို အောင်မြင်အောင် မောင်းနှင် အားပေး နေတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆုပ်ကိုင် ထားဖို့ပဲ ဖြစ်ပါတယ်။ သည်လိုဆက်လက် ဆုပ်ကိုင်ရင်း ကြိုးစား နေချိန်မှာ သည်အာဇာနည် ခေါင်းဆောင် ကြီးများရဲ့ စိတ်ဓာတ် ခွန်အား များက ကျွန်တော် တို့ကို စောင့်ရှောက် အားပေး နေပါလိမ့်မယ်။ အမှန်တရား ဆိုတာ အခြေအနေနဲ့ အချိန်အခါ ပေါ်လိုက်ပြီး မှန်ကန်နေရင် အမှန်တရား စစ်စစ် မဖြစ်နိုင်ပါဘူး။ တကယ် စစ်မှန်တဲ့ အမှန်တရားဟာ အမြဲ မှန်ကန် နေရပါ မယ်။ အမြဲမှန်ကန်တဲ့ အမှန်တရားဟာ သစာတရား ဖြစ်လို့ လူက သူ့ကို စောင့်ထိန်းရင် သူကလည်း လူကို ပြန် စောင့်ရှောက် ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ် တိုင်းဟာ ကိုယ့်ရဲ့ စိတ်စေတနာ အရည်အသွေးကို ထင်ဟပ်ပြ နေတာ ဖြစ်လို့ ကိုယ်ကသာ စိတ်စေတနာ အရင်းမှန် သန့်သန့်နဲ့ မှန်ကန်တဲ့ လုပ်ရပ် တွေကို ဖော်ဆောင် နေရင် သည်အာဇာနည် ကြီးများရဲ့ စိတ်ဝိဥာဉ်၊ စိတ်တန်ခိုးဟာ မိမိရဲ့ စိတ်ဝိဥာဉ် ထဲကို ကူးစက် ၀င်ရောက် လာပြီး ဆက်လက် ရှင်သန် နေနိုင် ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ကျေးဇူးရှင်ကြီးများကို ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ဆက်လက် ရှင်သန် နေထိုင်ခွင့် ပေးခဲ့ကြ ဖူးရဲ့လား ဆိုတာကို ဆက်လက်ပြီး တွေးတော စဉ်းစား နေမိပါတယ်။
He watches us over
Everything we see
Into the water
Into the truth
In your reflections
He lives in You!!!

အာဇာနည်စိတ်ဓာတ်သာ တကယ် ဆက်လက် ရှင်သန် ကြီးထွားခွင့် ရခဲ့ရင် စစ်ပြီးခေတ်က မြန်မာ့ အခြေ အနေကို ပိုမို တိုးတက်အောင် တိုးမြှင့်နိုင် ခဲ့သင့်တယ် လို့ ကျွန်တော် တွေးမြင် မိပါတယ်။ နေရာတိုင်း၊ အချိန် အခါတိုင်းမှာ အရည်အချင်း မဲ့လျက် အာဏာ မက်မောသူ တကိုယ်ကောင်း သမားများက မိမိရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဘယ်သူသေသေ၊ ငတေမာပြီးရော ဆိုပြီး မင်းမူဖို့ ကြိုးစား တတ်တာကို သည် ဇာတ်လမ်း လေးက သတိပေး ဖော်ပြ ထားပါတယ်။ အရေးကြီးတာ ကတော့ အမှန်တရား အတိုင်း ကိုယ့်နေရာ ကိုယ်ပြန် ယူတတ်ဖို့ ပါပဲ။ သည်နေရာမှာ ကိုယ့်နေရာကို အချိန်မီ ပြန်မယူ နိုင်ခဲ့ရင် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုလုံးပါ အမှည့်ကြွေ ကြွေပြီး ဆင်းရဲမှုနဲ့ ကြုံရတတ်တယ် ဆိုတာကို သတိမူမိ သင့်ပါတယ်။ သည်နေရာ မှာ အာဇာနည် စိတ်ဆိုတာ ကိုယ့်နေရာကို မက်မောမှု ကြောင့် မဟုတ်ဘဲ ကိုယ့် အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ အရေးကို ရှေ့တန်းတင် ကြိုးပမ်း အားထုတ်နိုင်မှု အတွက် ကိုယ်ကျိုး စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ်ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ သည်နှစ် အာဇာနည်နေ့မှာ သည်လို စိတ်ရှိခဲ့၊ ကြိုးပမ်း အားထုတ် ခဲ့တဲ့ အာဇာနည် ကြီး များကို ကိုယ် အမူအရာ အားဖြင့် သာမက စိတ်ရင်း ခံစားမှု အပြည့်နဲ့ပါ အလေးပြုရင်း အာဇာနည် စိတ်ဓာတ် များ ပွားများ လာအောင် စိတ်ချင်း အတုယူ သင့်ကြပါတယ်။ ယနေ့ လူငယ်များဟာ အာဇာနည် ခေါင်းဆောင်ကြီး များရဲ့ အာဇာနည် စိတ်ဓာတ်ကို ဆင့်ပွား ယူနိုင်ကြပြီး မိမိရဲ့ စိတ်ဝိညာဉ်ထဲမှာ ဆက်လက် ရှင်သန်ခွင့် ပေးရင်း တိုင်းပြည် တိုးတက်ရေး အတွက် စွမ်းစွမ်းတမံကြိုးစား ကြမယ် ဆိုရင် အာရှမှာ မြန်မာတို့ရဲ့ အရင်က နေရာကို ပြန်လည် ရောက်ရှိကာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု မြင့်မားစွာ နေထိုင် နိုင်ရေးထက် အဓိပ္ပာယ် ပြည့်ဝ တန်ဖိုးရှိသော လူသား ဂုဏ်သိက္မ္ခာ အဆင့်အတန်း မြင့်မားစွာ နေထိုင် နိုင်ရေး အတွက် အားထုတ်ရာ ရောက်ပါ လိမ့်မယ်။ သည်လို လူ့လောကမှာ မြန်မာတို့ရဲ့ လူသား ဂုဏ်သိက္မ္ခာ အဆင့်အတန်း မြင့်မားစွာ တည်ရှိ နေနိုင်ရေး အတွက် ကြိုးစား ကြပါစို့။ အာဇာနည် ကြီးများရဲ့ အာဇာနည် စိတ်ဓာတ်များ ပြန်လည် ရှင်သန် ကြီးထွားခွင့်ကို အာဇာနည်ကြီး များထံ ပေးအပ်ကြပါစို့ ဟုတိုက်တွန်းရင်း အာဇာနည် ခေါင်းဆောင်ကြီး များကို ရင်ထဲက လေးမြတ်စွာ ဦးညွတ် အလေးပြု လိုက်ရ ပါတော့သည်။

အမြဲမိုးရွာတဲ့ ၁၉ ဇူလိုင်...
အသည်းစွဲပါလို့ တသက်မမေ့နိုင်...

လုပ်ပိုင်ခွင့်နဲ့ လူ့အခွင့်အရေး

သံလွင်အိပ်မက်က တင်ပေးတဲ့ ခေါင်းစဉ်လေး တွေက တော်တော် စိတ်ဝင်စားစရာ ကောင်း ပါတယ်။ အပတ်စဉ် ၉အတွက် တင်ပေးထားတဲ့ ခေါင်းစဉ်ကို ဖတ်အပြီး မှာတော့ "လုပ်ပိုင်ခွင့်"ဆိုတဲ့ စာသားကို ဖတ်ပြီး ပြုံးမိ ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ တွင်းမှာ "ဂွင်ဖန်တယ်"၊ "ဂွင်ရိုက်တယ်" ဆိုတဲ့ စကား များဟာ လုပ်ပိုင်ခွင့် လေး နည်းနည်း ရတာနဲ့ ကိုယ်ကျိုး ရှာကြသူတွေ ပြောနေကျ စကား ဖြစ်နေလို့ပါ။ "လူ့အခွင့်အရေး"ဆိုတဲ့ စကား ကိုလည်း နိုင်ငံရေး နယ်ပယ်သုံး ဝေါဟာရ အဖြစ် မြင်နေ ကြပါတယ်။ တော်တော် ၀မ်းနည်း စရာ ကောင်းတဲ့ အခြေအနေပါ။ တကယ်တော့ သည်စကားဟာ လူသား ရေးရာ ဝေါဟာရ ဖြစ်ပြီး နိုင်ငံရေး ဝေါဟာရ မဟုတ်ပါဘူး။ သားသမီး အခွင့်အရေး အဖြစ် ကိုယ့်မိဘ ဆီက မုန့်ဖိုးတောင်းတာ၊ ကလေး နို့စို့ ချင်လို့ ငိုတာ နိုင်ငံရေး အလုပ်လား။ ကလေး အခွင့်အရေးလား။ မိဘနေရာ ယူထားသူက ပေးသင့် ပေးထိုက် တာကို မပေးချင်လို့၊ မပေးလို့ ကလေးက ငိုတိုင်း နိုင်ငံရေး ဆူပူမှု ခေါင်းစဉ် တပ်ပြီး အရေးယူ ခံရတာ များလာတော့ လည်း သည်လို အထင်အမြင် လွဲမှုတွေ ပေါ်ပေါက် လာရတာ ပဲလို့တွေးမိပါတယ်။ ယခုခေတ်မှာ မြန်မာပြည် တွင်းရှိ လူ တော်တော် များများဟာ "လုပ်ပိုင်ခွင့်နဲ့ လူ့ အခွင့်အရေး" ဆိုတဲ့ စကားနှစ်လုံး အပေါ်ကို အတော် အထင်အမြင် လွဲနေတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။
လုပ်ပိုင်ခွင့် ဆိုတာ အာဏာရှိမှ လုပ်နိုင် ကိုင်နိုင်တာ၊ သူတပါးက ကိုယ့်ကို အာဏာနဲ့ လုပ်ပိုင်ခွင့် ပေးမှ ရယူ ပိုင်ဆိုင် နိုင်တာ မဟုတ်ပါဘူး။ "မိမိက မိမိကိုယ်ကို ပြန်လည် အပ်နှင်း ထားတဲ့၊ မိမိလုပ်သင့် လုပ်ထိုက် တာကို အဂတိ လေးပါး ကင်းရှင်းစွာ လုပ်နိုင်ခွင့်" ဟာလည်း လုပ်ပိုင် ခွင့်ပဲ ဖြစ်ပါတယ်။ အများ မိုးခါး ရေသောက်တိုင်း ကိုယ်လိုက် မသောက်ဖို့ ဆုံးဖြတ်ခွင့် ဟာလည်း မိမိကိုယ်ကို လေးစား တန်ဖိုးထား သူတိုင်း ဆုံးဖြတ် နိုင်တဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့် ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ "ကိုယ်က သည်လို လုပ်လည်း သူတပါးက ကိုယ့်ဖြူစင် သန့်ရှင်းမှု ကိုသိမှာ၊ တန်ဖိုးထားမှာမှ မဟုတ်တာ" လို့ ဆွယ်တရား ဟောသူ ရှိလာလျှင် "ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ကိုယ့်ဖြူစင်မှုကို ကိုယ်မြတ်နိုးလို့ ကိုယ့်လိပ်ပြာ ကိုယ်သန့်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိချင်လို့ လုပ်တာ" လို့ရဲရဲတောက် ပြန်ပြော နိုင်ခွင့် ဟာလည်း မိမိရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ဆိုတာ ဟာလည်း အာဏာရှင် သူတပါးထံက တောင်းယူလို့ ရမှ လူ့အခွင့်အရေး စစ်စစ် ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်က ရသင့်ရထိုက် တာကို ရအောင် တောင်းယူ နိုင်မှု ကိုမှ လူ့အခွင့်အရေးလို့ ခေါ်တာ မဟုတ် ပါဘူး။ ကိုယ်က လုပ်ပေးသင့် ပေးထိုက်တာကို လုပ်ပေး နေနိုင်မှု ဟာလည်း လူ့အခွင့်အရေး ပါပဲ။ သည်လို အခွင့်အရေး တွေကို တောင်းယူ နေစရာ မလိုပါဘူး။ ကိုယ့်ဟာကို လုပ်ယူ လို့လည်း ရနိုင်ပါတယ်။ လုပ်မရအောင် လိုက်ပိတ် နေရင် ပိတ်ထားတဲ့ ကြားက ရအောင် ထွက်ပေါက် ရှာနိုင်ခွင့် ဟာလည်း ကိုယ့်အခွင့်အရေး ပါပဲ။ သည်လို လုပ်နိုင်ဖို့ ကြွေးကြော် နေစရာလည်း မလိုပါဘူး။ လုပ်စရာ ရှိတာကို ကိုယ့်အသိ နဲ့ကိုယ် လုပ်သွားဖို့ပဲ ရှိပါတယ်။
မိမိရဲ့ တိုင်းပြည်နဲ့လူမျိုး အတွက် ကောင်းကျိုး ပြုဖို့ဘာကြောင့် လိုသလဲလို့ ဆန်းစစ် ကြည့်ရင် မိမိနေတဲ့ အိမ်ကို သန့်ရှင်းရေး ပုံမှန် လုပ်ဖို့ ဘာကြောင့် လိုသလဲ။ မိမိရဲ့ ညီအစ်ကို မောင်နှမ များကို စာရိတ္တ ကောင်းအောင် လုပ်ဖို့ ဘာကြောင့် လိုသလဲလို့မေးသလို ဖြစ်နေပါ လိမ့်မယ်။ တကိုယ်ကောင်း ဆန်ဆန် စဉ်းစားရင် တောင် ကိုယ်နေတဲ့ အိမ်ကောင်းမှ ကိုယ် ကောင်းကောင်း နေလို့ရမှာ ဖြစ်ပြီး ကိုယ့်ဆွေမျိုး သားချင်း ဆိုးနေရင် လူဆိုးမျိုးရိုး အဖြစ် ကိုယ်ပါ အရောင်ဟပ် နေမှာ စိုးရိမ်တာမို့ ဖြစ်ပါတယ်။ မိမိရဲ့ တိုင်းပြည်နဲ့လူမျိုး အတွက် ကောင်းကျိုး ပြုချင်ရင် လုပ်ပိုင်ခွင့် ရမှ လုပ်ပေးမယ် ဆိုတာမျိုး စိတ်ထား စရာတောင် မလိုပါဘူး။ ကိုယ်လုပ်စရာ ရှိတာကို တနိုင်တပိုင် လုပ်ရုံပဲ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည် ခေါင်းဆောင်ကြီး များဟာ လုပ်ပိုင်ခွင့် ရလို့ တိုင်းပြည် လွတ်လပ်ရေး ရအောင် လုပ်သွားကြသူတွေ မဟုတ်ပါဘူး။ အာဇာနည် ဖြစ်ခွင့် ရဖို့ အတွက်လည်း မိုက်ရူးရဲ လုပ်ကာ အသက်စွန့် သွားကြသူတွေ မဟုတ်ပါဘူး။ မရှိတဲ့ လုပ်ပိုင်ခွင့်ကို အသက်နဲ့ ရင်းကာ မိမိ ယုံကြည်ရာကို ကြိုးစား အကောင်အထည်ဖော် လုပ်ကိုင် သွားကြသူ တွေသာ ဖြစ်ပါတယ်။ တိုင်းပြည် ကောင်းအောင် လုပ်ဖို့အတွက် နိုင်ငံရေး စကားတွေ ပြောနေဖို့ မလိုအပ်ပါဘူး။ သို့သော် မိမိ ကိုယ်တိုင်က အစပြုပြီး မိမိ ပတ်ဝန်းကျင်ကို တစစ ပိုကောင်းလာ အောင်တော့ ယခုချက်ချင်း လက်ငင်း ထလုပ်နိုင် ပါတယ်။ သည့်အတွက် တော့ဖြင့် လုပ်ပိုင်ခွင့်တွေ၊ လူ့အခွင့်အရေး တွေကို သူတပါးထံမှ စောင့်တောင်း နေစရာ မလိုဘဲ မိမိကိုယ် မိမိ ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေ၊ ကိုယ်ပိုင် အခွင့်အရေး တွေကို ရဲရဲကြီး၊ ရက်ရက် ရောရောကြီး ပေးကာ ချက်ချင်းလက်ငင်း စလုပ်နိုင် ကြောင်းပါခင်ဗျား။

မွှေးငယ်သို့ပေးစာ

သည်နေ့ မွှေးငယ်ရဲ့ မွေးနေ့မှာ ကိုယ်သည် စာအုပ်လေး တစ်အုပ်ကိုပဲ မွေးနေ့လက်ဆောင် ပေးနိုင်တော့မယ်။ သည်စာအုပ် လေးထဲမှာ ကိုယ်ကပေးတဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ စကား လက်ဆောင် တစ်ချို့ ပါးလိုက် ပါတယ်။ သည်စကား လက်ဆောင် တွေကို ကိုယ် သေသေချာချာ အချိန်ယူ စဉ်းစားပြီးမှ ရေးထားတာပါ။ တချို့အကြောင်း အရာတွေက ကိုယ့်ရဲ့ ကိုယ်ပိုင် မဟုတ်ဘူး ဆိုတာ ကြိုပြီး ၀န်ခံထား ပါတယ်။ ဒါပေမယ့် ကိုယ်ထပ်တူ ခံစားလို့ ရတဲ့ အကြောင်းအရာ တွေပါပဲ။ "က "၊ "ခ" တွေ တောင်မှ တို့ရဲ့ ကိုယ်ပိုင်မှ မဟုတ်တာ။ လက်တွေ့ အသုံးချသူ အတွက် ကတော့ ကိုယ်ပိုင် ဘာသာ စကား ပဲမဟုတ်လား။
အမှန်တရား။ ။ ကိုယ်ငယ်ငယ်လေးကတည်းက ရင်ထဲမှာ တန်ဖိုး ထားတဲ့ အရာ တစ်ခု ရှိတယ်။ အဲဒါ "အမှန်တရား"ပဲ။ ငယ်ငယ်တုန်းက တန်ဖိုးထား မိတာက မွန်မြတ် သန့်စင်မှု၊ ကြည်လင် အေးမြ မှုတို့ကြောင့်။ အနည်းဆုံး အမှန်ကို ပြောလိုက် ရရင်၊ သိလိုက် ရရင် စိတ်ထဲမှာ ရှင်းလင်း ငြိမ်းချမ်းပြီး ပေါ့သွားလို့၊ တခြား အကြောင်းအရာ တွေမပါဘူး။ ဒါပေမယ့် တဖြည်းဖြည်း ကြီးလာတော့ အမှန်တရားရဲ့ အဓိပ္ပာယ် ဟာ ပိုပြီးလေးနက် ကျယ်ပြန့်လာတယ်။ လွယ်လွယ်နဲ့ ထိန်းသိမ်း ကျင့်သုံးလို့ မရမှန်း ပိုပိုပြီး သိလာတယ်။
သူ့ကို အထောက်အပံ့ ပေးတဲ့ အကြောင်းအရာတွေ မပါဘဲ သူ့ကို လက်တွေ့ ကျင့်သုံးလို့ မရမှန်း သိလာတယ်။ တခါတခါ ချိုးတောင် ချိုးဖောက် မိတယ်။ ဘာပဲဖြစ်ဖြစ် အမှားဆိုတာ ပြင်ဖို့ပဲလေ။ ဖျောက်ဖျက် လို့မှ မရတာ။ အမှန်တရားကို ရောက်ဖို့ ရိုးသားမှု၊ ကိုယ်ပိုင် ခံယူချက် အပေါ် သစာရှိမှု၊ ဖြောင့်မတ်မှု၊ တာဝန် ယူတတ်မှု၊ လေးစားတတ်မှု၊ ယုံကြည်ချက် ခိုင်မြဲမှု၊ ပွင့်လင်းမှု၊ စာနာ တတ်မှုနဲ့ ကျင့်ဝတ်တွေ စတဲ့ လှေကားထစ် တွေကို မကျော်ဖြတ် လို့မရဘူး၊ သတိထား ရမှာက လှေကားထစ် တွေဆိုတာ အလှမ်း မတော်ရင် ချော်ကျတတ်တယ် ဆိုတာပါပဲ။
ငြိမ်းချမ်းရေး။ ။ ငြိမ်းချမ်းရေး ဆိုတာ အမှန်တရားထက် ပိုပြီး ကျယ်ပြန့် တယ်လို့ ကိုယ်မြင်တယ်။ အမှန်တရား မပါဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်မှု မရနိုင်ဘူး။ ကမ္ဘာပေါ်မှာ တကယ် ငြိမ်းချမ်းမှု ရှိခဲ့လို့ လား။ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမှန်တရားရဲ့ အရင်းအမြစ် တွေကို လျစ်လျူရှုပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ကြိုးစားနေ ကြလို့ပဲ။ ဘာသာတရား တွေကို ခဏ ဘေးဖယ်ထားပြီး ရိုးရိုးလေးပဲ စဉ်းစား ကြည့်ကြ ရအောင်။ သာမန်လူ တစ်ယောက်အတွက် ငြိမ်းချမ်းတယ် ဆိုတာ တည်ငြိမ် အေးချမ်းတာ၊ အနှောင့်အယှက် ကင်းတာ၊ ပူပန် စိုးရိမ်မှု ကင်းတာ၊ လုံခြုံမှု ရှိတာတွေကို ခေါ်တာ မဟုတ်လား။ ကမ္ဘာပေါ်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဆိုတာတွေ ဘာကြောင့် ဖြစ်သလဲ။ အမှန်တရားရဲ့ အရင်းခံ အကြောင်း အရာတွေ ထဲက တခုခု (သို့မဟုတ်) အချက်အလက် တော်တော် များများကို ချိုးဖောက်လို့ မဟုတ်ဘူးလား။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြစ်တဲ့ ထိပ်တိုက် ရင်ဆိုင်မှု ကနေ၊ လူတစ်ဦးနဲ့တစ်ဦးဖြစ်တဲ့ ထိပ်တိုက် ရင်ဆိုင်မှု တွေအထိ၊ ထိပ်တိုက် ရင်ဆိုင်မှု တွေရဲ့ အခြေခံ အကြောင်းရင်းက အတူတူပဲ။ ငြိမ်းချမ်းရေး ဆိုတာ အမှန်တရား အပေါ် အခြေမခံဘဲ မရနိုင်ဘူး။
ပျော်ရွှင်မှု။ ။ ငြိမ်းချမ်းရေးမရှိဘဲ ပျော်ရွှင်မှု ဆိုတာ ရှိနိုင် ပါ့မလား။ ဖျော်ဖြေမှု ပေးပြီး ဖန်တီးယူတဲ့ တဒင်္ဂ စိတ်ရွှင်မှုကို ဆိုလိုတာ မဟုတ်ဘူး။ သည်လိုဟာကို ပျော်ရွှင်မှု လို့မခေါ်ဘူး။ ပျော်ရွှင်မှု ဆိုတာ အမှန်တရား အုတ်မြစ်ပေါ်မှာ တည်ဆောက် ထားတဲ့ ငြိမ်းချမ်းမှု အုတ်ခုံပေါ်မှာ ဆောက်လုပ် ထားတဲ့ အဆောက်အဦ တစ်လုံးပဲ။ အဲဒါ မွှေးငယ်အတွက် ကိုယ်တည်ဆောက် ပေးချင်နေတဲ့ အဆောက်အဦပဲ။ သည်အဆောက် အဦထဲမှာ မွှေးငယ်ကို ချစ်တဲ့ ကိုယ့်အချစ် တွေနဲ့ အချစ်သစ်ပင် လေးတစ်ပင် ကိုယ့်ကို စိုက်ခွင့်ပြုပါ။ ကိုယ်တို့ နှစ်ဦးရဲ့ ပရိယာယ် မာယာ မပါ၊ ဖြူစင်ရိုးသားတဲ့ နှလုံးသား လေးတွေကို ယုံကြည်မှု ပန်းအိုးထဲမှာ ထည့်စိုက်ကြမယ်။ ကောင်းမွန် မြင့်မြတ်တဲ့ အတွေးအခေါ်နဲ့ ဂရုစိုက်မှု ဆိုတဲ့ ရေကြည်ရေသန့် တွေ လောင်းပေး ကြမယ်။ ချစ်ကြည်နူးမှု မြေသြဇာတွေ ထည့်ပေး ကြမယ်။ နားလည်မှု လွဲခြင်း ဆိုတဲ့ သစ်ရွက် အဆွေး တွေနဲ့ ပေါင်းပင် တွေကို ဖယ်ရှား ပေးကြမယ်။ သည်လိုဆိုရင် သည် အဆောက်အဦ ထဲမှာ ကိုယ်တို့ရဲ့ အချစ်ပန်းပင် လေးဟာ အသီးအပွင့်တွေ ဝေေ၀ဆာဆာနဲ့ ပြည့်စုံ သာယာ နေလိမ့်မယ်။ သည်လို အဆောက်အဦလေး တစ်ခု ကိုယ်တို့ နှစ်ယောက် အတူတူ တည်ဆောက် ကြရအောင် လားကွယ်။

Monday, July 16, 2007

မြန်မာလို

မြန်မာလို