Wednesday, July 11, 2007

ပုခက်လွှဲသောလက်သို့ပေးစာ

ပုခက်လွှဲသောလက်သည် ကမ္ဘာကို ကိုင်စိုးနိုင်သည် ဟူသော စကားမှန်ကန်အရေးကြီးလှသည် ကို လက်တွေ့ သိမြင်လက်ခံမိသည့်အတွက် နောင်တခေတ်ဧ။် ခေါင်းဆောင်လောင်းများကို မွေးထုတ်ရန် မျှော်လင့်ခြင်း ခံရသော မိခင်လောင်းအမျိုးသမီးများ (တနည်းဆိုသော်) အမျိုးသမီး ထုကြီးတစ်ရပ်လုံး ကို အနာဂတ်နိုင်ငံတော်ဧ။် တာဝန်များကို ခွဲဝေထမ်းရွက်ပေးပါရန် မိခင်ချင်း၊ နှမချင်း စာနာစွာဖြင့် ဆွေးနွေးတိုက်တွန်းလိုသောကြောင့် သည်ပေးစာကို ရေးသားရခြင်း ဖြစ်ပါတယ်။ဆယ်ကျော်သက်ရွယ် ညီမငယ်သို့မိန်းကလေးများခေတ်နဲ့အညီလှချင်သည်မှာအပြစ်မဟုတ်ပါ။ ဖြစ်သင့်ပါသည်။ အဘွားတို့ခေတ်က၀တ် ပုံကိုသည်နေ့ဝတ်လျှင် အလုပ်ဖြစ်မည်မဟုတ်။ သို့သော် သည်နေရာတွင် ခေတ်နှင့်အညီဟူသော ရှုထောင့်ကို ဆွေးနွေးချင်ပါသည်။ မည်သည့်ခေတ်နှင့် ညီချင်ပါသနည်း၊ မည်သူ့ခေတ်နှင့် ညီချင်ပါ သနည်း။ ၀တ်စားဆင်ယင်ရေးတွင် အနောက်တိုင်းဝတ်စုံကို ပုံတူကူးသည်ဖြစ်စေ၊ အရှေ့တိုင်းဝတ်စုံကို ပုံတူကူးသည် ဖြစ်စေ၊ မည်သည့်ပုံကိုပုံတူကူးမိသည်ကိုတော့ သတိထားစေချင်ပါသည်။ အနောက်တိုင်း ဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များမှာသူများနှင့်မတူအောင်ဝတ်မှ လူကြားထဲပေါ်လွင်ထင်ရှားမည်မို့ သူတို့အသက်မွေးဝမ်းကြောင်းမှုနှင့်အညီ သူများနှင့်မတူအောင် (တနည်း ပြောရရင် ကြောင် စီစီဖြစ်အောင်) တမင်ဝတ်ကြရသဖြင့်သူတို့ဝတ်သလိုသူ့နိုင်ငံသားများက လိုက်ဝတ်ကြသည် မဟုတ်။ သို့သော်တချို့ မြန်မာမကလေးများဧ။် စိတ်ပျက်စရာအကောင်းဆုံးအကျင့် မှာ ထို အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင် များကို အတုခိုးပြီး သူ့နိုင်ငံသားများကပင်လိုက်မ၀တ်သော ထိုအ၀တ်များကို ကိုယ့်ရုပ်နှင့် လိုက်ဖက်မှုရှိရှိ မရှိရှိ လိုက်ဝတ်ခြင်းပါတည်း။ ပိုဆိုးသည်မှာ မည်သည့် အဆင့်အတန်းမှ မိန်းကလေးများက မည်သို့သော အ၀တ်အစားများဝတ်ကြရသည်ကို မလေ့လာ မစူးစမ်းဘဲ ရမ်းအတုခိုးခြင်းပါတည်း။ သည်လို ရေးမိခြင်းမှာ မြင်ကွင်းတစ်ခုကြောင့် မိခင်ချင်း၊ နှမချင်း အလွန်စာနာသောကြောင့် အမုန်းခံ ရေးရခြင်း ဖြစ်ပါသည်။ တခါက ရန်ကုန်လေဆိပ်တွင် မြန်မာမလေးတစ်ယောက် မိဘများနှင့်အတူ တစုံတယောက်ကို လေဆိပ်လိုက်ပို့ရာ သူမ၀တ်ထားသောဝတ်စုံမှာ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံလို နိုင်ငံမျိုး တွင်ပင်သာမန်မိန်းကလေးမ၀တ်ဘဲ ညဥ့်ငှက်မယ်များသာ အလုပ်ဆင်းရာတွင် ရှိုးပြ၀တ်သောဝတ်စုံဖြစ် လေရာ မိကောင်းဘခင်သမီးဖြစ်သူ သူမအတွက် အလွန်ရင်နာမိပါသည်။ မိန်းမလိုက်စားသောနိုင်ငံခြား သားတစ်ဦးသာ သူ့ကိုမြင်ပါမူ ... မင်းတို့တိုင်းပြည်က မိန်းကလေးတွေများ လေဆိပ်မှာ မိစုံဘစုံနဲ့ လာစောင့်ပြီး အလုပ်ဆင်းသလား ဟုမေးလာပါမူ..ဆက်မတွေးချင်တော့ပါ။ နိုင်ငံခြားပြန်လက်ဆောင်ဆို တိုင်း အထင်ကြီးပြီး မ၀တ်လိုက်ကြပါနှင့်၊ တဖက်သားလူမျိုးခြားစိတ်တွင် ဘယ်လိုဖြစ်လာနိုင်သည် ဆို တာလေးများ စဉ်းစားပြီးမှ လှလှပပလေး၊ အဆင့်အတန်းရှိရှိလေး ၀တ်စားဆင်ယင်ကြပါလို့ အကိုလို၊ မောင်လို တောင်းဆိုပါရစေ။ နိုင်ငံခြားသားက ပေးသောအ၀တ်အစားလက်ဆောင် ဆိုလျှင် ကြည့်လိုက် သည်နှင့် မိမိ၏၏စရိုက်၊၀တ်ပုံစားပုံ၊ မိမိ၏၏အဆင့်အတန်းကိုလေးစား ရောင်ပြန်ဟပ်ပြီးအလေးအမြတ် သဘောထားပြီးပေးသလား၊ သူကြည့်ချင်သည့်ဝတ်စားဆင်ယင် ပုံမျိုးဖြင့် ကိုယ့်ကိုမြင်ချင်လို့ပေးသ လား ဆိုတာကိုလည်း စဉ်းစားသင့်ပါသည်။ အထူးသဖြင့် မြန်မာပြည်မှ နိုင်ငံခြားသို့ထွက်ခွာမည့် အချို့ မြန်မာမများ၏ ၀တ်စားဆင်ယင်ပုံမှာ နိုင်ငံခြား သို့ ရောက်ရောက်ချင်း လေဆိပ်မှအထွက် နန့်ကလပ်ဟု ဗန်းစကားဖြင့်ခေါ်သော night clubသို့ချက်ချင်း အ၀တ်မလဲဘဲတိုက်ရိုက်သွားတော့မည့်ပုံ ပေါက်နေရာ မိမိရဲ့ဝတ်စားဆင်ယင်မှု ကြောင့် “မြန်မာမတွေ“ ဟူသောခေါင်းစဉ်အောက်မှာလူမျိုးနဲ့နိုင်ငံပါအရှက်ရ စေမယ့် ၀တ်စား ဆင်ယင်မှုမျိုးကိုရှောင်ခြင်းဖြင့်တဖက်တလမ်းကတိုင်းပြည်ဂုဏ်ဆောင်ပေးကြဖို့ တောင်းဆိုပါ တယ်။အ၀တ်အစားသာမဟုတ်၊ အနေအထိုင် အပြောအဆို အမူအရာများပါ သူတပါးကို အလွန် အတုခိုးတတ် ချေရာ မိမိအတုခိုးမိသူမှာ မည်သို့သောလူစားမျိုးဖြစ်သည်၊ မည်သည်အတွက် ကြောင့် မိမိက သူ့ကို အတုခိုးထိုက်သည် ဆိုသည်ကိုများလည်း စဉ်းစားပေးကြဖို့ အချို့ မိန်းကလေးများကို တောင်းပန်လိုပါ သည်။ မိမိအတုခိုးမိသူမှာSuperstar လား Pornstar လား၊ မိမိ၏မည်သည့်အမူအရာ၊ အနေအထိုင် အပြောအဆိုပုံစံကရော မည်သူနှင့်တူပြီး မည်သည့် သဘောသက်ရောက်ကာ မိမိ၏ဆွေမျိုးသားချင်း၊ နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္မ္ခာကို ထိခိုက်စေ နေပါသနည်းဆိုတာလေးကို သတိထားပေးကြဖို့တောင်းပန် ပါရစေ။ ကျွန်တော့တွင် နိုင်ငံပေါင်း (၃၀) ကျော်မှ စရိုက်ပေါင်းစုံသော ယောက်ျားလေးသူငယ်ချင်းများ ရှိပါသည်။ သူတို့အားလုံးက အ၀တ်အစားလျှပ်ပေါ်လော်လီသော (သို့မဟုတ်) မလုံတလုံ၊ မပေါ်တပေါ်ဝတ်တတ်သောမိန်းကလေးများကိုလေးစားအထင်ကြီးမှုမရှိခြင်းဟူသောအချက်တွင်ကားတူညီကြသည်။ သို့ဖြစ်လျှင် ဘာကြောင့် ထိုသို့ဝတ်သောမိန်းကလေးကို နောက်မှလိုက်ကြည့်တတ်ကြသနည်း ဆိုသော် night club ကို ငွေကုန်ခံသွားစရာမလို Sexy Fashion Showကိုငွေပေးကြည့်စရာ မလိုဘဲ စိတ်အာသာပြေရန် အလကား ကြည့်ရသောကြောင့်ဟုဆိုပါသတည်းအမိတို့။ အမေတန်းထိုက်သော အမျိုးသမီးများ သတိထားတော်မူကြပါ။ ထို့အပြင် မြင့်မြတ်သော စိတ်ရှိသူယောက်ျားများလည်း လောကမှာရှိသလို အလကားရရင်လည်း ၀င်စားလိုက်တာပေါ့ဆိုသော အလတ်တန်းစားယောက်ျားများနှင့် ရသာလျှင် ဘနဖူး သိုက်တူးမည့် အောက်တန်းစား ယောက်ျားများလည်း လောကတွင်ရှိတတ်ပါသည်။ မိန်းကလေး များကွယ်ရာတွင် ယောက်ျား လေးများ အချင်းချင်းဝိုင်းဖွဲ့စကားပြောရာတွင် ထိုသို့ ၀တ်စား တတ်သူမိန်းကလေးမှာ မည်သို့အတင်းပြောခံရသည်ကိုနည်းနည်းလောက် ဖောက်သည်ချပါရ စေ။ မြင့်မြတ်သောစိတ်ထား ရှိသည့် ယောက်ျားများက အမြင်မတော်သောစိတ်ထားဖြင့် 'သည်လိုဝတ်ရင်လူမဆွဲပဲခွေးဆွဲ မယ်"၊ "ဘယ်နိုင်ငံရောက်နေတယ်ထင်သလဲ၊ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုလေးစားပါ "၊ "နိုင်ငံခြားကိုအထင်ကြီးရင် သူ့နိုင်ငံသည်လိုဖြစ်အောင်ကြိုးစား လာတဲ့သူရဲ့ကြိုးစားမှုတွေကိုအတုခိုး" စသည်ဖြင့် ထောက်ပြဝေဖန်ပြောဆိုတတ်ပါသည်။အလယ်လတ်တန်းစား ယောက်ျားများမှာမူ "ကိုယ်လည်းပုထုဇဉ် ပဲ။ စိတ်ယိုင်တတ်တယ် " "ကြည့်သူပြောသူကို အပြစ် မပြောနဲ့၊ ကိုယ့်ကိုယ်ကို အကြည့်အပြောမခံ ရအောင်ဝတ်" စသည်ဖြင့် ပြောတတ်ပါသည်။ အောက်တန်းစား ယောက်ျားများမှာမူ ပါးစပ်နှင့် မပြော၊ လက်တွေ့လုပ်လေသည်။ မိန်းကလေးများမှာ ပင်ကိုယ်သဘာဝအရ ရုပ်အားဖြင့်ရော၊ စိတ်အားဖြင့်ပါ ယောက်ျားလေးများထက် အားနည်းရသည့်အထဲ မိမိ၏၏၀တ်စားဆင်ယင်ပုံ မတတ်သောကြောင့် မိမိအလိုမတူဘဲ စော်ကားခံရလျှင်၊ လိင်ပိုင်းဆိုင်ရာတွင်ပါ စကားလုံးအားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက် ရောက်ဖြစ်စေ၊ ကျူးလွန်စော်ကားခံရပါမူ နစ်နာလှပေသည်။ ထို့ထက်ပိုပြီး" သည်လို စော်ကားရတာ သူ့ဝတ်ပုံနေပုံက ဖိတ်ခေါ်သလိုဖြစ်နေလို့ပါ" ဟုအပြောခံရပါမူ ပိုမိုနစ်နာပေမည်။ အလွန်အကျူးဆိုရသော်" သည်လိုမိန်းမမျိုး ကျုပ်ကစော်ကားပါ့မလားဗျာ။ ကျုပ်ဖြင့် မသတီပါဘူး" ဟု လူယုတ်မာယောက်ျားက ဗြောင်လိမ်ပါမူ မည်သို့ရှေ့ဆက်မည်နည်း။ ထိုယောက်ျားမျိုး မရှိဟု မထင်ပါနှင့်။ မိန်းမသားလူထုကြီး တစ်ရပ်လုံးကိုမိခင်ချင်း၊နှမချင်းစာနာလွန်းသောကြောင့်အပြောမခံရစေလိုသောကြောင့်သည်လိုရေးသား တိုက်တွန်းနေရခြင်းဖြစ်ပါသည်။ မိန်းကလေးပီပီ လှချင်၊ပချင်ပေါ်လွင်ထင်ရှားချင်တာကို အပြစ်မပြောချင်ပါ။ သို့သော် မွေးရာပါ တာဝန် ကိုမသိတတ်ရလောက်အောင် အလှဧ။်ပေါ်လွင်ထင်ရှားမှုနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ယင်းတို့ကိုသာအချင်းချင်းပြိုင်ဆိုင်ကြွားဝါယစ်မူးနေပါက မေးခွန်းတစ်ခုကိုကိုယ့်ကိုယ်ကို မေးစေ လိုပါသည်။ ၁. အရေပြားပေါ်က ထိုအလှ ဘယ်နှစ်နှစ်ခံ ပါမည်နည်း။ ၂. အရေပြားပေါ်က ထိုအလှသည် ဘယ်နှစ်နှစ်စာ သေသေချာချာ အသုံးကျမည်နည်း။ ၃. ထိုကဲ့သို့သော အလှနှင့် ထင်ပေါ်ကျော်ကြားမှုအတွက် ပေးဆပ်ရင်းနှီးရသည်နှင့် ထိုက်တန်စွာ ရရှိလာမည်ဟု မိမိမျှော်မှန်းထားသည့်အရာကို ပိုင်ဆိုင်ဖို့ ဘယ်လောက် သေချာသနည်း။ နောက်တစ်ခုဆိုးသည်မှာ အလှစစ်နှင့်သူဧ။်တန်ဖိုးကို မသိခြင်းဖြစ်ပေသည်။ လောကတွင် အရေးကြီး သောအလှစစ်ကိုဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့တွင် သင်ကြားပေးနေလေရာ ယနေ့တိုင် ခေတ်မီဆဲသော အတွေးအခေါ်ဟု လက်ခံမိပါသည်။ ယင်းမှာ... စိတ်ကောင်းရှိဖို့က...ပထမ၊ စည်းကမ်း ရှိဖို့က...ဒုတိယ၊ ကျန်းမာဖို့က...တတိယ၊ အစားအသောက်တတ်ဖို့က...စတုတ္ထ၊ အ၀တ်အစား တတ်ဖို့က ...ပဉ္စမ၊ အနေအထိုင်တတ်ဖို့က...ဆဌမ၊ အသွားအလာတတ်ဖို့က...သတ္တမ၊ အပြောအဆို တတ်ဖို့က...အဋ္ဌမ၊ အပေါင်းအသင်းတတ်ဖို့က...န၀မ၊ စာတတ်ဖို့က ဒဿမ ဟူသတည်း။ အ၀တ်အစားတတ်ဖို့သည် စာတတ်ဖို့ထက် အရေးကြီးသည် ဆိုသည့်ရှေးစကားမှာ မှန် ကန်လှပေသည်။ လှတိုင်းသောအ၀တ်အစား သည်လည်းကောင်း၊ ဈေးကြီးတိုင်းသော အ၀တ်အစား သည်လည်းကောင်း အဆင့်အတန်းမြင့်သော အ၀တ်အစားမဟုတ်ပါ။ ကိုယ်စာတတ်မတတ် သူတပါး ချက်ချင်းမသိ၊ သို့သော် ကိုယ့်အဆင့်အတန်းကိုတော့ ကိုယ့်အ၀တ်အစားမှတဆင့် သူတပါးကချက်ချင်း ဆုံးဖြတ်တတ်လေသည်။ သို့သော် တခဏ တွေ့ရုံနှင့်တော့ ဘယ်သူကမှ ကိုယ့်ကိုသူငယ်ချင်း အရင်း အချာစာရင်းမသွင်းသလို၊ စီးပွားရေးလည်းကိုယ်နဲ့အတူထမလုပ်ပါ။ ထို့ကြောင့် မိတ်ဆွေကောင်းရခြင်း၊ စီးပွားကောင်းလုပ်ရခြင်းသည် အ၀တ်အစားနှင့်မဆိုင်ပါချေ။ အရည်အချင်းနှင့်သာဆိုင်ပါသည်။ ပညာ ဂုဏ်၊ ဆွေမျိုးဂုဏ်၊ ရာထူးဂုဏ်မြင့်သော အမျိုးသမီးများ မည်သို့ ကျက်သရေရှိရှိ၊ အဆင့်အတန်းရှိရှိ၊ တင့်တင့်တယ်တယ် ၀တ်စားတတ်ကြပါသနည်းဆိုတာ အကဲခတ် လေ့လာကြည့်စေလိုပါသည်။ ထိုသူ တို့၏ ၀တ်စားနေထိုင်ပြောဆို ပြုမူပုံကိုအတုခိုးချင်သေးလျှင်လည်း ၀မ်းမြောက်စွာကြိုဆိုပါသည်။ အတွေးအခေါ်နှင့် မိမိဘ၀တက်လမ်း အတွက် ကြိုးစားပုံ၊ ကြိုးစားနည်းကိုသာ အတုယူမည်ဆိုပါက အတိုင်းထက်အလွန် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိမည် ဖြစ်ပါသည်။ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်စ ရည်းစားမရသေးသော၊ရည်းစားရွေးရာတွင်ချေးထူသော ယောက်ျား လေးများပြောလေ့ရှိသည့်စကားမှာ မိန်းမပေါသလောက်အိမ်ထောင်ဖက်ရှားတယ် ဆိုသောစကား ဖြစ်ပါသည်။ ယင်းတို့လေးစားမြတ်နိုးစွာ တသက်လုံးရှာဖွေကျွေးမွေး လက်တွဲသွားလိုသော မိန်းကလေး တွင် စိတ်ပိုင်း ဆိုင်ရာ၊ အတွေးအခေါ်ဆိုင်ရာ အရည်အသွေးလေးတွေတော့ ရှိစေလိုကြသည်။ အချို့ မိန်းကလေးများမှာ ပေါ်ပင်နောက် လိုက်လွန်းသည်၊ အချို့ကတော့ ရှိသမျှအရည်အချင်းနှင့်မမျှ စိတ်ကြီးဝင်လွန်းသည်၊ အချို့ ကတော့ မိမိကိုကြိုက်သည့်သူများတာကို သာယာလွန်းပြီး ယောက်ျားများမိမိကို မကြိုက်ကြိုက်အောင် အထာပေး၊ ပဲပေးလွန်းသည်၊ အချို့မိန်းကလေးများက ဘဲရှုပ်လွန်းသည်၊ အချို့ မိန်းကလေးများကတော့ ငွေနှင့် အရည်အချင်းရှိသော ယောက်ျားလေးများနောက် ကျားချောင်းချောင်း ကာ မြှုဆွယ်အမိဖမ်းဖို့ ကြိုးစားသည်၊ အချို့မိန်းကလေးများမှာမူမည်သည့်ရည်ရွယ်ချက်ရှိသည်မသိ အ၀တ်အစားပက်စက်လွန်းသည် စသည်ဖြင့် သူငယ်ချင်းချင်း ဆွေးနွေးတိုင်ပင် စာရင်းဖယ်လိုက်ပြီးသော အခါ မိကောင်းဖခင်သမီးများထဲမှ ကျန်တာထဲကရွေးချယ်ရလေသည်။ ရုပ်ဆိုးလွန်းသောကြောင့် အထင် သေးကာ ပယ်သည်ဆိုသည်မှာ ရှားပါသည်။ ရုပ်ဆိုးသော်လည်းစိတ်ကောင်းရှိသော သူငယ်ချင်းမများ ကို တန်ဖိုးထားတတ်ကြပါသည်။ တသက်တာ ရိုးမြေကျပေါင်းဖက်လိုသော မိမိ၏အိမ်ထောင်ဘက်ကို လေးစားတန်ဖိုးထားကာရွေးချယ်ကြသည်မှာ ယောက်ျားကောင်းများဖြစ်လေသည်။ အချို့မိန်းမရှုပ်သော ယောက်ျားများမှာမူ မိမိငွေမရှာရတိုင်း၊ မိဘငွေကို လွယ်လွယ်သုံးကာ ယင်းတို့နောက်ကို ခြေရာခံလိုက် လာတတ်သော ငွေမက်သောမိန်းမများကို လွယ်လွယ်တွဲပြီး မွှေးတုန်းပန်ကာ၊ ရိုးလာတော့ပစ်တတ်လေ သည်။အထက်ပါမိန်းမဆိုးလေးများကြောင့်ထိုသို့သောယောက်ျားများကမိန်းမဆိုလျှင်ငွေနဲ့ပေါက်လို့ရသည် ဟုဆိုကာ လူကိုတန်ဖိုးမထားတော့တာများ မိမိကိုယ်တိုင်၏ကိုယ်ကျင့်သိက္မ္ခာတရားကိုပါ တန်ဖိုး မထားတော့ပါချေ။ ထို့ကြောင့် မိန်းကလေးများ မိမိကိုယ်ကိုတန်ဖိုးထားကာ ကိုယ်ပိုင်အရည်အချင်း အရရော၊ စိတ်ထားပိုင်း ဆိုင်ရာအရပါ၊ ကျင့်ဝတ်သိက္မ္ခာ၊ ဣနြေ္မ္ဒစောင့်စည်းမှုတို့ဖြင့် မိမိတန်ဖိုးကို မြှင့်တင်ထိန်းသိမ်းပါကယောက်ျားလေးများမှာလည်းပေါ့ပေါ့တန်တန်နေရဲ ပြောရဲတော့မည်မဟုတ်ဘဲ အားလုံး စည်းစောင့်ကာ ကြိုးစားလာကြမည်ဖြစ်ပေရာ လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံး၏လူ့တန်ဖိုး သတ်မှတ်ချက် တစ်ခုလုံး မြင့်တက်လာမည်ဖြစ်သောကြောင့် "မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရ"ဆိုသည့်

No comments: